၂၀၂၃ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကို ဆွီဒင်နိုင်ငံ ၊ စတော့ဟုမ်းမြို့တွင် ထုတ်ပြန်ကြေညာရာအမေရိကန်တွင်အခြေစိုက်သည့် သိပ္ပံပညာရှင်သုံးဦးက ပူးတွဲဆွတ်ခူးခဲ့သည်။
LED မီးများ ၊ တီဗွီဖန်သားပြင်များတွင် အသုံးပြုခြင်းမှအစ ကင်ဆာတစ်သျှူးများကို ဖယ်ရှားသည့်နေရာအဆုံး အသုံးတည့်သည့် quantum dots ခေါ် လွန်စွာသေးငယ်သည့် နာနိုအမှုန်များကို ရှာဖွေတွေ့ရှိခဲ့မှုဖြင့် သူတို့သုံးဦးကို ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း နိုဘယ်ဆုရွေးချယ်ရေးကော်မတီကကြေညာသည်။
ပူးတွဲဆုရရှိသွားသူ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှ ပါမောက္ခ မွန်ဂီဘဝမ်ဒီ ၊ ကိုလံဘီယာတက္ကသိုလ်မှ ပါမောက္ခ လူးဝစ်ဘရပ်စ် နှင့် နာနိုခရစ္စတယ်နည်းပညာကုမ္ပဏီမှ အလက်ဆီ အက်ကီမော့တို့ကို နာနိုကမ႓ာစူးစမ်းလေ့လာမှု၏ ရှေ့ဆောင်လမ်းပြများဟုလည်း ဆုရွေးချယ်ရေးကော်မတီက ချီးကျူးပြောသည်။ဘဝမ်ဒီနှင့် ဘရပ်စ်က အမေရိကန်နိုင်ငံသားများဖြစ်ပြီး အက်ကီမော့က ရုရှားနိုင်ငံသားဖြစ်သည်။
နာနိုအမှုန်များကို ဧည့်ခန်းများ၊ ခွဲစိတ်ခန်းများ၊ တီဗွီများတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသည်ကို တွေ့နိုင်ပြီး ကာလာအရောင်များကို စိုစိုလွင်လွင်နှင့် တိတိကျကျဖန်တီးနိုင်ခြင်း ၊ စွမ်းအင်အနည်းငယ်သာ လိုအပ်ခြင်း စသည့် အားသာချက်များရှိသည်။ ဆေးပညာနယ်ပယ်တွင်မူ ခွဲစိတ် ဆရာဝန်များက ကင်ဆာတစ်သျှူးနှင့် ကျန်းမာသည့်တစ်သျှူးများကို ခွဲခြားနိုင်အောင် ထိုနာနိုအမှုန်များက အထောက်အကူပေးသည်။
နိုဘယ်ဆုရသူများသည် ဆုကြေးငွေ ဆွီဒင်ခရိုနော် ၁၁ သန်းကို ခွဲဝေယူကြရမည်။ယခင်နှစ်များအထိ ဆွီဒင်ခရိုနော် ၁၀ သန်းသာ ပေးအပ်ခဲ့သည်။ နိုဘယ်ဆုများအတွက် ဆန်ခါတင်စာရင်းထွက်လေ့မရှိ ၊ ဆုရသူကို တရားဝင်မကြေညာမီ အချိန်ကပ်မှ ဆက်သွယ်အကြောင်းကြားလေ့ရှိသော်လည်း ယခုနှစ်တွင် ဓာတုဗေဒဆိုင်ရာ ဆုရသူသုံးဦးအမည်များ ပေါက်ကြားမှု ဖြစ်သွားသေးသည်။
စာပေဆိုင်ရာနိုဘယ်ဆုကို အောက်တိုဘာ ၅ ရက်တွင် ဆက်လက်ကြေညာမည်ဖြစ်ပြီး စောင့်ကြည့်အခံရဆုံး ဖြစ်သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အောက်တိုဘာ ၆ ရက်တွင် ကြေညာသွားမည်။ အောက်တိုဘာ ၉ ရက်တွင်မူ စီးပွားရေးနိုဘယ်ဆုကို အပြီးသတ်ကြေညာမည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
