အမေရိကန်၌ ထပ်မံပေါ်ပေါက်လာသော နိုင်ငံရေးဆိုင်ရာ ကသောင်းကနင်းဖြစ်မှုများက လောလောလတ်လတ် စစ်ရေးအကူအညီများကို မရေမရာဖြစ်ပေါ်စေသည့်အနေအထားတွင် သမ္မတဂျိုးးဘိုင်ဒင်က ယူကရိန်းအတွက် ဆက်လက်ပေးအပ်သွားမည့် အမေရိကန်အကူအညီများကိစ္စ စိတ်ချလက်ချရှိစေရန် မဟာမိတ်နိုင်ငံကြီးများကို အောက်တို ဘာ ၃ ရက်တွင် ပြောကြားလိုက်သည်။
သဘောထားတင်းမာသော ရီပတ်ဘလီကင်များ၏ အတိုက်အခံလုပ်မှုများကြားထဲအမေရိကန်အစိုးရ လည်ပတ်မှုယန္တရား ရပ်ဆိုင်မည့်အရေးကို ရှောင်လွှဲရန် နောက်ဆုံး အချိန်ရောက်မှ သဘောတူညီမှုရရှိပြီးနောက် ယူကရိန်းနိုင်ငံအတွက် အနာဂတ်အမေရိကန်အကူအညီသည် မရေမရာ ဖြစ်လာသည်။ သမ္မတဘိုင်ဒင်က တည်တည်ငြိမ်ငြိမ်ရှိကြပါရန် အနောက်အုပ်စုခေါင်းဆောင်များကို ပြောကြားခဲ့သည်။
သို့ရာတွင် ဖီဆန်ခဲ့ကြသည့် ရီပတ်ဘလီကင်အမတ်များက အောက်တိုဘာ ၃ ရက်တွင် ရီပတ်ဘလီကင် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီကို ဖယ်ရှားလိုက်ခြင်းကြောင့် ယူကရိန်းအတွက် ထောက်ပံ့မှု အသစ်ရရှိရန် ဘိုင်ဒင်၏ကြိုးပမ်းမှုများ မရေမရာဖြစ်လာသည်။
ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်မှန်သမျှကို အဟန့်အတားလုပ်ရန် ခြိမ်းခြောက်နေသော ဝရုန်းသုန်းကားဖြစ်မှုဖြစ်ပေါ်နေ ခြင်းနှင့်အတူ အမေရိကန်နိုင်ငံရင်ဆိုင်နေရသော အရေးတကြီးစိန်ခေါ်မှုများကို ရင်ဆိုင်ရေးအတွက်အောက်လွှတ်တော် ဥက္ကဋ္ဌသစ်မြန်မြန်ရွေးချယ်ရန် တိုက်တွန်းထားသည်ဟုအိမ်ဖြူတော်က ပြောကြားသည်။
အမေရိကန်သမ္မတသည် မဟာမိတ်နိုင်ငံကြီးများဖြစ်သော ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ပိုလန်၊ ရိုမေးနီးယား တို့၏ ခေါင်းဆောင်များကိုလည်းကောင်း၊ ဥရောပသမဂ္ဂ(အီးယူ)နှင့် နေတိုးမဟာမိတ် အဖွဲ့ခေါင်းဆောင်များကိုလည်းကောင်း၊ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကိုလည်းကောင်း စောစောပိုင်းတွင် ဖုန်းဆက်ခဲ့သည်ဟု သိရသည်။
“ယူကရိန်းက သူ့ရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ခုခံကာကွယ်နေသရွေ့ကာလပတ်လုံး ယူကရိန်းအတွက် အမေရိကန်ရဲ့ထောက်ပံံမှုကို သမ္မတဂျိုးဘိုင်ဒင်က ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ အခြားခေါင်းဆောင်တွေကလည်း သူတို့ရဲ့ကတိကဝတ်တွေအတိုင်းလုပ်ဆောင်မယ်လို့ အတည်ပြုခဲ့ကြပါတယ်”ဟု အိမ်ဖြူတော်က ပြောကြားသည်။
သို့တိုင် အိမ်ဖြူတော်ကိုယ်၌က အခြေအနေ၏ အရေးကြီးပုံကို ရှင်းရှင်းလင်းလင်း ဖြစ်စေခဲ့သည်။
လောလောလတ်လတ်အကူအညီကို အတည်မပြုပေးပါက ရုရှားကျူးကျော်မှုကို ယူကရိန်းတွန်းလှန်ရာတွင် အကူအညီဖြစ် စေသည့် လတ်တလောရန်ပုံငွေများသည် အချိန်နှစ်လသာခံလိမ့်မည်ဟု အမျုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတိပေးပြောကြားသည်။
“အချိန်ဆိုတာ ကျွန်တော်တို့ရဲ့မိတ်ဆွေမဟုတ်ပါဘူး”ဟု ကာဘီက ပြောကြားသည်။ ထောက်ပံ့မှုလစ်ဟင်းခြင်းသည် စစ်မြေပြင်တွင်ယူကရိန်းကို ထိခိုက်စေရုံသာမက ပူတင်လည်း မိမိတို့ဘက်က ပွဲပြီးသွားသည်ကို ထိုင် စောင့်သည့်အနေအထားဖြစ်သွားလိမ့်မည်ဟု ဂျွန်ကာဘီက သတင်းထောက်များကို ပြောကြားသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
