SPAL နှင့် ပါးမား (စနေည ရး၃၀ နာရီ)
ပါးမားက သွင်းဂိုးတွေနဲ့အတူနိုးထလာတယ်။ SPAL က ခံစစ်စည်းမလုံခြုံမှုနဲ့အတူ ရလဒ်တွေဆိုးနေပြီး နောက်ဆုံး(၆)ပွဲမှာ (၅)ပွဲအထိရှုံးထားတယ်။ ပါးမားပဲ ရလဒ်ကောင်းဦးမယ်လို့ ထင်မှတ်ရပေမယ့် SPAL အိမ်ကွင်းမှာ အမှတ်ပြန်ရှာမယ်။
ဗီရိုနာ နှင့် ဆမ်ဒိုးရီးယား (စနေည ၁ဝး၃၀ နာရီ)
ဆမ်ဒိုးရီးယားရဲ့ နိုင်ပွဲရရှိရေးအိပ်မက်တွေ ခန်းခြောက်နေဆဲပါပဲ။ အင်တာမီလန်နဲ့ပွဲမှာ တိုက်စစ်ကစားပုံတိုးတက်လာပေမယ့် ခံစစ်အားနည်းချက်တွေများနေသေးတယ်။ အိမ်ကွင်းမှာ ဗီရိုုနာ ပိုကောင်းတတ်လို့ အမှတ်ရပါမယ်။
ဂျီနိုအာ နှင့် အေစီမီလန် (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)
ဂျမ်ပေါ်လိုရဲ့ မီလန်နည်းပြဘဝ နောက်ဆုံးနေ့ရက်တွေ ရောက်လာတော့မလား။ ဂျမ်ပေါ်လိုက သူ့နည်းစနစ်တွေကို ယုံကြည်နေပြီး ကစားသမားတွေဟာ သူလိုချင်တဲ့အတိုင်းဖြစ်မလာဘူးလို့ အပြစ်ဆိုပါတယ်။ ဒါပေမဲ့ မီလန်ရဲ့လူစာရင်းနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့အခြေအနေဆိုးမျိုးဟာ မဖြစ်သင့်တာအမှန်ပါပဲ။ ဂျီနိုအာက ဒီရာသီခံစစ်အဆိုးရွားဆုံး စီးရီးအေအသင်းတွေထဲ ပါနေပေမယ့် မီလန် ဂိုးသွင်းနိုင်ပါဦးမလား။ သရေကျနိုင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
