လီဟာနက်စ် နှင့် လီဗန်တေး (စနေညနေ ၅း၃၀ နာရီ)
လီဟာနက်စ်မှာ နည်းပြ ပယ်လီဂရီနိုတောင် ဆက်ရှိနေနိုင်ပါ့ဦးမလား မပြောတတ်သေးဘူး။ အခုအချိန်အထိ နိုင်ပွဲမရသေးဘဲ အခြေအနေဆိုးနေတယ်။ ဒါပေမဲ့ အခုအိမ်ကွင်းပွဲမှာ တော့ လီဟာနက်စ် နိုင်ပွဲစရသွားနိုင်ပါတယ်။
ရီးယဲလ်မက်ဒရစ် နှင့် ဂရန်နာဒါ (စနေည ၈း၃၀ နာရီ)
အဆင့် (၁)နဲ့ (၂) ဒီနှစ်သင်းရဲ့ပြိုင်ဆိုင်မှုကလည်း စိတ်ဝင်စားစရာကောင်းနေတယ်။ ဂရန်နာဒါဟာ ဒီရာသီမှ လာလီဂါကို ပြန်ရောက်လာတဲ့အသင်းဆိုပေမယ့် ရာသီအဖွင့်ပွဲတွေမှာ အံ့အားသင့်စရာတွေလုပ်ပြနေနိုင်ပြီး အဆင့်(၂)နေရာအထိ ရောက်နေတာကိုကြည့်ရင် ဂရန်နာဒါကို လေးစားရလိမ့်မယ်။ ဘာစီလိုနာလိုအသင်းကို အနိုင်ကစားပြထားပြီးတဲ့နောက် အခု ရီးယဲလ်မက်ဒရစ်ကိုလည်း ဘယ်လောက်အထိ အခက်တွေ့စေဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဂရန်နာဒါဟာ ဒီရာသီ အဝေးကွင်းရှုံးပွဲမရှိ်သေးတဲ့အပြင် အဝေးကွင်းမှာ ပွဲတိုင်းဂိုးရပြီး (၁၀)ဂိုးအထိ သွင်းထားနိုင်တဲ့တိုက်စစ်က ခံစစ်ပိုင်းတိုးတက်လာနေတဲ့ ရီးယဲလ်ကို ဖိအားပေးနိုင်ဦးမယ်ထင်တယ်။ ရီးယဲလ်ကတော့ လာလီဂါနောက်ဆုံး (၃)ပွဲဆက်ပေးဂိုးမရှိအောင် ကစားပြထားတယ်။ အသင်းမှာ လူငယ်နဲ့ လူသစ်တွေကို တဖြည်းဖြည်းထုတ်သုံးလာရင်း အသင်းက ရုပ်လုံးပေါ် စပြုနေတာလည်းတွေ့ရတယ်။ ထိပ်ဆုံးမှာဆက်ရှိဖို့ကြိုးစားမယ့် ရီးယဲလ်နဲ့ ဂိုးအများကိုပဲ ရွေးထားရမယ်။
ဗလင်စီယာ နှင့် အလာဗတ်စ် (စနေည ၁၁းဝ၀ နာရီ)
ဗလင်စီယာကလည်း ဘီလ်ဘာအိုကို အဝေးကွင်းမှာ နိုင်ပွဲယူနိုင်ခဲ့လို့ စိတ်ဓာတ်ပိုင်း ပြန်အားကောင်းလာနိုင်တယ်။ ဗလင်စီယာအတွက် ပြောစရာရှိတာဆိုလို့ တိုက်စစ်ပိုင်းက ဂိုးသွင်းနှုန်းပဲရှိပါတယ်။ ခံစစ်ကစားပုံကတော့ အလာဗတ်စ်လို အဝေးကွင်းအားနည်းတဲ့အသင်းကို ထိန်းကစားဖို့ မခက်လှပါဘူး။ ဒါကြောင့် အဝေးကွင်းမှာ ခံစစ်အားပြုကစားတဲ့ အလာဗတ်စ်ကို ဗလင်စီယာဂိုးရအောင်သွင်းနိုင်ဖို့က ဒီပွဲရဲ့ အဓိကအဖြေပါပဲ။ နောက်ပိုင်းကစားတဲ့ အိမ်ကွင်းဂိုးသွင်းနှုန်းတွေအရ ဗလင်စီယာကိုပဲ ရွေးထားရလိမ့်မယ်။ ဂိုးနည်းနိုင်တယ်။
အိုဆာဆူနာ နှင့် ဗီလာရီးယဲလ် (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်နဲ့အတွေ့မှာ ရှုံးပွဲစတွေ့သွားခဲ့ပေမယ့် အိုဆာဆူနာရဲ့ထိန်းကစားနိုင်အားကို လျှော့တွက်လို့မရဘူး။ အထူးသဖြင့် အိမ်ကွင်းပွဲတွေမှာ ဖွင့်ကစားပြီး အမှတ်ရအောင် ယူတတ်တဲ့ အိုဆာဆူနာရဲ့ကစားပုံက ဗီလာရီးယဲလ်ကို ဖိအားပေးနိုင်ဦးမယ့်ပုံပါပဲ။ ဗီလာရီးယဲလ်ကလည်း ကစားပုံဟန်ချက် ညီလာပေမယ့် အဝေးကွင်းမှာတော့ သိပ်စိတ်ချလို့မရသေးဘူး။ အထူးသဖြင့် အဝေးကွင်းဆို အားနည်းတတ်တဲ့ ဗီလာရီးယဲလ်ရဲ့ခံစစ်က အိုဆာဆူနာကို အခွင့်အရေးပေးသလိုဖြစ်နေတယ်။ အိုဆာဆူနာနဲ့ ဂိုးအများကိုပဲ ရွေးထားကြည့်လိုက်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
