ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ရာသီအတွက် ကစားသမားသစ်များ စတင်ခေါ်ယူအားဖြည့်နေပြီဖြစ်ပြီး ဇွဲကပင်အသင်းမှ မောင်မောင်ဝင်းနှင့် ကြည်လင်းကို စာချုပ်ခေါ်ယူခဲ့ကြောင်း သိရသည်။
ကြည်လင်းသည် အသင်းဟောင်းသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး လက်ရှိပြသနေသည့် စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် ရန်ကုန်အသင်းက ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ကြည်လင်းသည် ရန်ကုန်အသင်းတွင် ဆယ်စုနှစ်တစ်ခုကြာ ပါဝင် ကစားခဲ့သူဖြစ်ပြီး ၂၀၁၉ ရာသီဝက်တွင် စာချုပ်သက်တမ်းကုန်ဆုံးသွားသောကြောင့် ဇွဲကပင်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။
ကြည်လင်းသည် ဇွဲကပင်အသင်းတွင် ပုံမှန်ခြေစွမ်းပြကာ ဂိုးများသွင်းယူနိုင်သည့်အပြင် မြန်မာ့လက်ရွေးစင်အသင်းတွင်လည်း တစ်ကျော့ပြန်ရွေးချယ်ခံရသောကြောင့် ရန်ကုန် အသင်းက အောက်တိုဘာ ၄ ရက်တွင် တစ် နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ရန်ကုန်အသင်းသည် ဇွဲကပင် အသင်းအတွက် ခြေစွမ်းပြကစားနေသည့် ကွင်းလယ်ကစားသမား မောင်မောင်ဝင်းကိုလည်း နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့သည်။
မောင်မောင်ဝင်းသည် ပြီးခဲ့သည့်ရာသီက ဇွဲကပင်အသင်းတွင် ခြေစွမ်းပြကစားခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းတွင်လည်း ရွေးချယ်ခံရသောကြောင့် ရန်ကုန်အသင်းက အခြားအသင်းများထက် လက်ဦးမှုရယူကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
''ကြည်လင်းနဲ့ မောင်မောင်ဝင်းက ရာသီသစ်အတွက် ပထမဆုံးခေါ်ယူမှုဖြစ်ပါတယ်။ ကြည်လင်းရဲ့ စွမ်းဆောင်ရည်က အများကြီး တိုးတက်လာသလို မြန်မာ့လက်ရွေးစင်အသင်းမှာလည်း အခုနောက်ပိုင်း ပုံမှန်ရွေးချယ်ခံနေရပါတယ်။ ဒါကြောင့် သူ့ကိုပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ မောင်မောင်ဝင်းကတော့ အသင်းရဲ့ကွင်းလယ်ပိုင်း အားဖြည့်ဖို့အပြင် သူ့ရဲ့စွမ်းဆောင်ရည်ကလည်း ကောင်းမွန်တာကြောင့် ခေါ်ယူခဲ့တာပါ။ အသင်းရဲ့လိုအပ်တဲ့နေရာတွေကိုလည်း ထပ်ပြီးအား ဖြည့်သွားမှာပါ''ဟု ရန်ကုန်အသင်းအုပ်ချုပ်သူ ဦးမြင့်သိန်းက ပြောကြားသည်။
အသင်းဟောင်းသို့ တစ်ကျော့ပြန်ရောက်ရှိလာသည့် ကြည်လင်းကလည်း ''ရန်ကုန်အသင်းကို ပြန်ရောက်လာရတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ အသင်းအတွက် အကောင်းဆုံးပေးဆပ်ပြီး ကစားသွားမှာပါ။ လိုအပ်တာတွေပြင်ဆင်ပြီး အကောင်းဆုံးကြိုးစားသွားမှာပါ''ဟု ပြောကြားသည်။
ရန်ကုန်အသင်းသည် ပြီးခဲ့သည့်ရာသီက အမှတ်ပေးချန်ပီယံဆုလက်လွှတ်ခဲ့ရသော်လည်း ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်သဖြင့် လာမည့်ရာသီ AFC Cup ပြိုင်ပွဲဝင်ခွင့်ရခဲ့သည်။
ရန်ကုန်အသင်းသည် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ကစားသမားများကိုလည်း စာချုပ်သစ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
