Top News

ဆောက်သမ်တန်နှင့်လက်စတာနည်းပြဟောင်း ပျူရယ်လ်အား နည်းပြသစ်အဖြစ် စိန့်အက်တီယန်ခန့်အပ် 
24htopnews | October 22, 2024 11:12 AM CST

 

ပြင်သစ်လီဂူးကလပ် စိန့်အက်တီယန်အသင်းသည် နည်းပြဂီလ်စလိန်းပရင်တန့်နှင့်လမ်းခွဲပြီးနောက် ဆောက်သမ်တန်နှင့် လက်စတာနည်းပြဟောင်း ကလော်ဒီပျူရယ်လ်အား နည်းပြသစ်အဖြစ်အစားထိုးခန့်အပ်လိုက်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

 

ပြင်သစ်လီဂူးကလပ် စိန့်အက်တီယန်အသင်းသည် နည်းပြဂီလ်စလိန်းပရင်တန့်နှင့်လမ်းခွဲပြီးနောက် ဆောက်သမ်တန်နှင့် လက်စတာနည်းပြဟောင်း ကလော်ဒီပျူရယ်လ်အား နည်းပြသစ်အဖြစ်အစားထိုးခန့်အပ်လိုက်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

စိန့်အက်တီယန်အသင်းသည် သောကြာနေ့ နေ့လယ်ပိုင်းက ပရင်တန့်ကိုထုတ်ပယ်ခဲ့ပြီးနောက် နာရီဝက်အကြာမှာပင် ပျူရယ်လ်အား နည်းပြသစ်အဖြစ် ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

 

 

အသက် (၅၈)နှစ်ရှိ ပြင်သစ်လူမျိူးနည်းပြ ပျူရယ်လ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ဆောက်သမ်တန်၊ လက်စတာ စသည့်အသင်းများကို ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီလက လက်စတာအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ မိုနာကိုကွင်းလယ်လူဟောင်းတစ်ဦးဖြစ်သည့် ပျူရယ်လ်သည် နည်းပြဘဝကို မိုနာကိုအသင်းနှင့်အတူ စတင်ခဲ့ပြီး လိုင်လီ၊ လိုင်ယွန်၊ နိုက်စ် စသည့် ပြင်သစ်လီဂူးကလပ်များကို ဆောက်သမ်တန်အသင်းသို့ မရောက်ရှိမီ ဆက်တိုက်ကိုင်တွယ်ခဲ့သူဖြစ်သည်။ 

ယခုအခါ ပျူရယ်လ်အနေဖြင့် ပြင်သစ်လီဂူးပြိုင်ပွဲတွင် တစ်ကျော့ပြန်နည်းပြခွင့်ရမည်ဖြစ်ပြီး တနင်္ဂနွေညတွင်ကစားမည့် လိုင်ယွန်နှင့်ပွဲစဉ်ကို စတင်ကိုင်တွယ်ရမည်ဖြစ်သည်။ စိန့်အက်တီယန်အသင်းသည် ယခုရာသီတွင် ရလဒ်ဆိုးရွားလျက်ရှိပြီး ပွဲစဉ် (၈)ပွဲအပြီး၌ အမှတ်ပေးဇယားအဆင့် (၁၉)နေရာရပ်တည်လျက်ရှိသည်။ 

 


READ NEXT
Cancel OK