ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် Instagram ပို့စ်များကြောင့် ဝင်ငွေအများဆုံးရရှိနေသည့်ကစားသမားများစာရင်းတွင် ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ဦးဆောင်နေပြီး၊ သူသည် Instagram (IG) တွင် ကြော်ငြာပို့စ်တစ်ခုတင်တိုင်း ဒေါ်လာ(၉၇၅ဝဝဝ) ရရှိနေသည်ဟု သိရှိရသည်။
ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် Instagram ပို့စ်များကြောင့် ဝင်ငွေအများဆုံးရရှိနေသည့်ကစားသမားများစာရင်းတွင် ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ဦးဆောင်နေပြီး၊ သူသည် Instagram (IG) တွင် ကြော်ငြာပို့စ်တစ်ခုတင်တိုင်း ဒေါ်လာ(၉၇၅ဝဝဝ) ရရှိနေသည်ဟု သိရှိရသည်။
စီရော်နယ်လ်ဒိုသည် လက်ရှိကမ္ဘာ့ဘောလုံးလောကတွင် လူသိအများဆုံးကစားသမားတစ်ဦးဖြစ်ပြီး ဆိုရှယ်မီဒီယာအတော်များများတွင်လည်း Followers အ များဆုံးပိုင်ဆိုင်ထားသည့်ကစားသမားတစ်ဦးဖြစ်သည်။
သူသည် IG တွင် Followers (၁၈၅)သန်းကျော်ပိုင်ဆိုင်ထားသူဖြစ်ပြီး သူတင်သည့်ပို့စ်များကို နှစ်သက်သူ၊ ဖြန့်ဝေသူ၊ မှတ်ချက်ပေးသူများ အလွန်မြင့်မားကြောင်းလည်း သိရှိရသည်။
ယင်းကဲ့သို့ Fanbase အလွန်ကြီးမားခြင်းမှာ ဒစ်ဂျစ်တယ်ကြော်ငြာဈေးကွက်အတွက် အလွန်ကြီးမားသည့် အားသာချက်ဖြစ်နေပြီး၊ ဝင်ငွေများရှာဖွေရန်အတွက် လမ်းကြောင်းတစ်ခုကို ပိုင်ဆိုင်ထားခြင်းလည်း ဖြစ်သည်။
သူသည် တစ်နှစ်တာအတွင်း ကြော်ငြာပို့စ်ပေါင်း များစွာတင်နေပြီး ယင်းပို့စ်များကြောင့် ရရှိသည့်ဝင်ငွေမှာ ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိကာ ပို့စ်တစ်ခုချင်း၏ ဝင်ငွေရရှိမှုမှာမူ ဒေါ်လာ(၁)သန်းနီးပါး (၉၇၅ဝဝဝ) အထိ ရှိနေသည်။
တစ်ဦးချင်းဝင်ငွေရရှိသူများအနေဖြင့် ကြည့်ပါက စီရော်နယ်လ်ဒိုသည် နိုင်ငံတကာ Celebrity များထဲတွင် အေရီယာနာဂရန်ဒီနှင့် ကိုင်လီဂျန်နာတို့အပြီး ဝင်ငွေအများဆုံးရရှိနေသူဖြစ်ကြောင်းလည်း သိရှိရသည်။
ဘောလုံးလောကတွင်မူ ထိပ်ဆုံး၌ ရပ်တည်နေပြီး ဒုတိယနေရာတွင် ရပ်တည်နေသူမှာ PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေမာဖြစ်သည်။
နေမာသည် လက်ရှိအချိန်တွင် IG ၏ Followers (၁၂၆)သန်းကို ပိုင်ဆိုင်ထားပြီး သူတင်နေသည့် ကြော်ငြာပို့စ်တစ်ခုစီအတွက် ဝင်ငွေမှာ ဒေါ်လာ (၇၂၂ဝဝဝ) ရရှိနေသည်။
စီရော်နယ်လ်ဒိုနှင့် နေမာတို့အပြီး ဝင်ငွေအများဆုံးရရှိနေသူမှာ မက်ဆီဖြစ်သည်။
မက်ဆီသည် နေမာထက် Followers ပိုများပြီး (၁၃၂)သန်းကျော်ရှိနေသော်လည်း သူတင်သည့်ကြော်ငြာပို့စ်များအပေါ် ပရိသတ်တုံ့ပြန်မှုနှုန်းမှာ နေမာလောက် အားမကောင်းသဖြင့် ပြန်လည်ရရှိသည့်ငွေမှာ ဒေါ်လာ(၆၄၈ဝဝဝ)ရှိနေခြင်းဖြစ်သည်။
အံ့အားသင့်စရာကောင်းသည့်အချက်မှာ IG မှ ဝင်ငွေအများဆုံးရရှိနေသည့်ဘောလုံးသမား(၉)ဦးထဲတွင် လက်ရှိဘောလုံးကစားခြင်းမှ အနားယူထားပြီးဖြစ်သည့် ဘောလုံးသမားဟောင်း နှစ်ဦးလည်းပါဝင်နေပြီး ဘက်ခမ်နှင့် ရော်နယ်လ်ဒင်ဟိုတို့ဖြစ်သည်။
ဘက်ခမ်က မက်ဆီအပြီးတွင် အဆင့်(၄)နေရာ၌ ပို့စ်တစ်ခုအတွက် ဒေါ်လာ (၃၅ရဝဝဝ) ရရှိနေပြီး ရော်နယ်လ်ဒင်ဟိုကမူ ဒေါ်လာ (၂၅၆ဝဝဝ)ရရှိနေခြင်းဖြစ်သည်။
ယင်းကစားသမား (၅)ဦးအပြင် အခြားဝင်ငွေမြင့်မားစွာရရှိနေသည့်ကစားသမားများမှာ ဂါရတ်ဘေးလ် (ဒေါ်လာ ၂၁၈ဝဝဝ)၊ ဇလာတန်အီဘရာဟီမိုဗစ် (ဒေါ်လာ ၂ဝဝဝဝဝ)၊ လူးဝစ်ဆွာရက်ဇ်( ၁၈၄ဝဝဝ)နှင့် ဆာလာ (ဒေါ်လာ ၁၆၅ဝဝဝ)တို့ဖြစ်ကြောင်း သိရသည်။
IG ပို့စ်များမှ ဝင်ငွေဘယ်လိုရရှိသလဲ
- နာမည်ကျော်များအားလုံးသည် IG မှ ငွေရရှိနေခြင်းမဟုတ်ဘဲ ၎င်းတို့ကိုကြော်ငြာစေလိုသည့် ကုန်အမှတ်တံဆိပ်များထံမှသာ ဝင်ငွေရရှိခြင်းဖြစ်သည်။
- သို့ရာတွင် ကုမ္ပဏီများက ကြော်ငြာခပေးချေသည့်နှုန်းထားမှာ Engagement များအပေါ်တွင် မူတည်သဖြင့် Followers ပိုများတိုင်း ဝင်ငွေ ပိုများမည်မဟုတ်ချေ။
- ပရိသတ်များနှင့် ပုံမှန်ထိတွေ့မှုရှိနေစေရန် ကြော်ငြာပို့စ်မဟုတ်သည့် ပုံမှန်ပို့စ်များကိုလည်း တင်ပေးရန်လိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
