ဘာစီလိုနာအသင်း၏ အသင်းခေါင်းဆောင် မက်ဆီက အက်သလက်တီကိုမက်ဒရစ်အသင်းထံမှ ပြောင်းရွှေ့လာသည့် ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းနှင့် ဆက်ဆံရေးမပြေမလည်ဖြစ်နေသည်ဆိုသည့်သတင်းများကို ငြင်းဆန်သွားခဲ့ပြီး မိမိတို့သည် ကွင်းထဲတွင်သာ အတွဲအဖက်မိရန် ခက်ခဲနေခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
ဘာစီလိုနာအသင်း၏ အသင်းခေါင်းဆောင် မက်ဆီက အက်သလက်တီကိုမက်ဒရစ်အသင်းထံမှ ပြောင်းရွှေ့လာသည့် ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းနှင့် ဆက်ဆံရေးမပြေမလည်ဖြစ်နေသည်ဆိုသည့်သတင်းများကို ငြင်းဆန်သွားခဲ့ပြီး မိမိတို့သည် ကွင်းထဲတွင်သာ အတွဲအဖက်မိရန် ခက်ခဲနေခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
စပိန်မီဒီယာများက ဘာစီလိုနာအသင်းတွင် ဂရီးဇ်မန်း ရုန်းကန်နေရခြင်းမှာ မက်ဆီနှင့် ဆက်ဆံရေးမပြေလည်ခြင်းကြောင့်ဆိုသည့်အချက်လည်း ပါဝင်နေပြီး အဝတ်လဲခန်းတွင်း ပြဿနာများရှိနေသည်ဟုလည်း ဖော်ပြနေကြသည်။
မက်ဆီသည် ယခင်ကလည်း အွန်နရီ၊ အီဘရာဟီမိုဗစ်၊ ဒေးဗစ်ဗီလာ စသည့်ကစားသမားများနှင့်ပတ်သက်ပြီး ယင်းကဲ့သို့ သတင်းများထွက်ပေါ်ခဲ့ဖူးသူဖြစ်သည်။
ယခုအချိန်တွင်လည်း ဂရီးဇ်မန်းသည် ပင်ကိုအားဖြင့် အနေအေးသူဖြစ်သလို၊ မက်ဆီကလည်း အသင်းသားသစ်အပေါ် နွေးထွေးမှုမရှိသဖြင့် ၎င်းတို့အကြား ဆက်ဆံရေးလမ်းကြောင်းမရှိသလောက်ဖြစ်နေပြီး၊ ဂရီးဇ်မန်းသည် ဘာစီလိုနာအသင်းတွင် အထီးကျန်သလိုခံစားနေရသည်ဟုလည်း စပိန်အားကစားသတင်းစာ El Mundo က ဖော်ပြခဲ့သည်။
ယင်းသတင်းများနှင့်ပတ်သက်၍ မက်ဆီက ငြင်းဆန်ပယ်ချခဲ့ပြီး "ကျွန်တော်တို့အသင်းရဲ့ အဝတ်လဲခန်းထဲမှာ အားလုံးဆက်ဆံရေးကောင်းပါတယ်။ ကျွန်တော်တို့အသင်းက စုစည်းမှုအရမ်းအားကောင်းတဲ့အသင်းဖြစ်ပြီး တစ်ဦးနဲ့ တစ်ဦးကြားမှာ ပြဿနာတွေမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တွဲဖက်ကစားရတာ မကြာသေးတဲ့အတွက် ကွင်းထဲမှာတော့ အတွဲအဖက်မိမိကစားနိုင်ဖို့ အခက်အခဲရှိနေတုန်းပါ။ တဖြည်းဖြည်းတော့ ပိုကောင်းလာပါလိမ့်မယ်"ဟု အင်တာမီလန်နှင့် ပွဲအပြီးတွင် ပြောကြားခဲ့သည်။
မက်ဆီက သူသည် ယခုမှ ဒဏ်ရာကပြန်လည် သက်သာခါစဖြစ်သဖြင့် အင်တာမီလန်အသင်းနှင့်ပွဲမှာ မိမိအတွက် သွေးပူရုံသာကစားခဲ့သည့် ပွဲမျိုးဖြစ်သည်ဟုလည်း ပြိုင်ဘက်များကို သတိပေးပြောကြားခဲ့သည်။
မက်ဆီက "ကျွန်တော်အခုမှ ဒဏ်ရာပြဿနာကနေ ပြန်စတင်ဖို့ ကြိုးစားနေရတုန်းပါ။ အခုမှ ကျွန်တော် မိနစ်(၉၀)ပြည့်ပွဲကို ပထမဆုံးစကစားတာပါ။ မကြာခင် အကောင်းဆုံးပုံစံကို ပြန်ရပါလိမ့်မယ်"ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
