အာဆင်နယ်အသင်းနည်းပြ အမ်မရီက အသင်းတွင် အိုဇေးလ်ထက် ပွဲထွက်ခွင့်ရသင့်ကစားသမားများရှိသည့်အတွက် အိုဇေးလ်ကို အသုံးမပြုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းနည်းပြ အမ်မရီက အသင်းတွင် အိုဇေးလ်ထက် ပွဲထွက်ခွင့်ရသင့်ကစားသမားများရှိသည့်အတွက် အိုဇေးလ်ကို အသုံးမပြုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
အသက် (၃၀)နှစ်အရွယ်ရှိ ဂျာမနီကွင်းလယ်လူ အိုဇေးလ်သည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၂)ပွဲသာ ပါဝင်ကစားခွင့်ရထားပြီး ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ်သည်။
ထို့ပြင် အမ်မရီသည် မန်ယူ၊ စတန်းဒတ်လိဂ်အသင်းတို့နှင့် ကစားခဲ့သည့်ပွဲစဉ်များတွင် အိုဇေးလ်ကို အသင်းလူစာရင်း၌ပင် ထည့်သွင်းခဲ့ခြင်းမရှိကြောင်း သိရသည်။
အမ်မရီက မိမိအနေဖြင့် ခြေစွမ်းအကောင်းဆုံးဟု ယူဆသည့်ကစားသမားများကိုသာ ပွဲထုတ်လေ့ရှိကြောင်းနှင့် အိုဇေးလ်မှာ ပွဲထွက်ခွင့်ရရန် ထိုက်တန်သည့်ခြေစွမ်းမရှိကြောင်း အရိပ်အမြွက်ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။
အမ်မရီက "အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားပြီး အသင်းကို ကူညီပေးနိုင်မယ်လို့ထင်တဲ့ ကစားသမားတွေကိုပဲ ကျွန်တော် ပွဲထုတ်တာပါ။ တကယ်လို့ အသင်းလူစာရင်းမှာ အိုဇေးလ် မပါဘူးဆိုရင် တခြားကစားသမားတွေက အိုဇေးလ်ထက် ပိုကောင်းလို့ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ နောက်တစ်ပွဲကစားရဦးမှာပါ။ ကျွန်တော်တို့အနေနဲ့ အခုဆုံးဖြတ်နေကျပုံစံအတိုင်းပဲ ဆုံးဖြတ်မှာပါ။ ဒီတော့ ဘုန်းမောက်နဲ့ပွဲမှာလည်း အကောင်းဆုံး (၁၁)ယောက်ကပဲ ပွဲထွက်ခွင့်ရပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။
အိုဇေးလ်သည် ၂၀၁၃ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ်အသင်းမှ အာဆင်နယ်အသင်းသို့ ပေါင် (၄၂.၅)သန်း ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၂၃၃)ပွဲတွင် (၄၃)ဂိုးသွင်းယူပေးထားသည်။
သို့သော် အိုဇေးလ်သည် နည်းပြ အမ်မရီလက်ထက်တွင် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီကလည်း ပြိုင်ပွဲစုံတွင် (၃၅)ပွဲသာ ပါဝင်ကစားခွင့်ရခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
