ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီက အင်တာမီလန်အသင်းမှာ ပြီးပြည့်စုံသည့်အသင်းတစ်သင်းဖြစ်ပြီး ၎င်းတို့နှစ်သင်း၏ ထိပ်တိုက်တွေ့ဆုံမှုမှာ ပွဲကြီးပွဲကောင်းဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီက အင်တာမီလန်အသင်းမှာ ပြီးပြည့်စုံသည့်အသင်းတစ်သင်းဖြစ်ပြီး ၎င်းတို့နှစ်သင်း၏ ထိပ်တိုက်တွေ့ဆုံမှုမှာ ပွဲကြီးပွဲကောင်းဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
အင်တာမီလန်အသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၆)အပြီးတွင် ရာနှုန်းပြည့်အနိုင်ရကာ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဂျူဗင်တပ်စ်အသင်းက (၂)မှတ်အကွာဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။
ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီကမူ ယခုပွဲစဉ်တွင် အနိုင်ရရန်ရေပန်းစားသည့်အသင်းမရှိကြောင်းနှင့် မိမိတို့အနေဖြင့် အကောင်းဆုံးစွမ်းဆောင်နိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆာရီက "အရမ်းကောင်းတဲ့ အသင်းနဲ့ ကျွန်တော်တို့ ယှဉ်ပြိုင်ရမှာပါ။ လောလောဆယ်မှာ အင်တာမီလန်အသင်းရဲ့ စွမ်းဆောင်ရည်က တကယ်ကောင်းပါတယ်။ ဒီလိုပွဲမှာ အနိုင်ရဖို့ ရေပန်းစားတဲ့ အသင်းမရှိပါဘူး။ အသင်းကြီးနှစ်သင်း တွေ့ဆုံပွဲမှာ ဘယ်လိုကစားကြမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အင်တာမီလန်က ပြီးပြည့်စုံတဲ့အသင်းပါ။ သူတို့က ကျွန်တော်တို့ကို အန္တရာယ်ပေးနိုင်တဲ့ အသင်းဖြစ်ပြီး ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ အရေးကြီးတာက ဆန်စီရိုကွင်းမှာ ကျွန်တော်တို့အနေနဲ့ ခြေစွမ်းပြနိုင်ဖို့ပါပဲ"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဆာရီက မိမိတို့အသင်းအနေဖြင့် စွမ်းဆောင်ရည်တိုးတက်နေကြောင်းနှင့် အင်တာမီလန်နှင့်ပွဲတွင် အာရုံစူးစိုက်မှုအပြည့်ဖြင့် ကစားသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အင်တာမီလန်နှင့် ဂျူဗင်တပ်စ်အသင်းတို့သည် စီးရီးအေပွဲစဉ် (၇)အဖြစ် ယနေ့ည (မြန်မာစံတော်ချိန် တနင်္လာနေ့နံနက် ၁:၁၅ နာရီ)တွင် အင်တာမီလန်အသင်း၏ အိမ်ကွင်း ဆန်စီရိုတွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
