တရုတ်နိုင်ငံသား လုပ်ငန်းရှင်နှစ်ဦးကို ဘန်ကောက်မြို့ရှိ ၎င်းတို့၏ ရုံးမှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဘတ် ၁၂ သန်း ဖြင့် ပြန်ရွေးခိုင်းသော လက်နက်ကိုင်ဂိုဏ်းတစ်ခုကို ထိုင်းရဲက ရှာဖွေနေကြောင်း သိရသည်။
ဖမ်းဆီးသွားခံရသူနှစ်ဦးသည် တရုတ်ခရီးသွားများအတွက် နေရာချထားရေး အေးဂျင့်များဖြစ်သည်ဟု Sutthisarn ရဲစခန်းမှူး ရဲမှူးကြီး Pornthep Chalermkiat က တနင်္လာနေ့(အောက်တိုဘာ ၂၁) တွင် ပြောဆိုသည်။
စနေနေ့က ၎င်းတို့ကို ဘန်ကောက်ရှိ ရုံးခန်းအဖြစ်လည်း အသုံးပြုနေသည့် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်ဟု သူတို့နှစ်ဦးက တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ကြသည်။
စနေနေ့ညပိုင်းတွင် သေနတ်သမား ငါးဦးသည် ၎င်းတို့ ရုံးခန်းကို ရောက်ရှိလာကာ ငွေသား ဘတ် ၃ သန်းကို ယူဆောင်ပြီး ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြသည်ဟု သူတို့က ပြောဆိုသည်။
၎င်းတို့နှစ်ဦးကို သီးခြားစီခွဲထားပြီးနောက် နာခွန်နာယွတ်ပြည်နယ်သို့ ကားနှစ်စီးဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း ယင်းနောက် ၎င်းတို့ကို ဂိုဏ်းအဖွဲ့၏ ဘဏ်စာရင်းသို့ အမေရိကန်ဒေါ်လာ ၂၇၀၀၀၀ (ဘတ် ၈ ဒဿမ ၉ သန်းခန့်) လွှဲပို့ပေးရန် ခိုင်းစေခဲ့ကြောင်း သူတို့က ပြောဆိုခဲ့သည်။
ကိစ္စများပြီးပြတ်ချိန်တွင် ၎င်းတို့ကို ယာဉ်တစ်စီးဖြင့် ဘန်ကောက်သို့ ပြန်ခေါ်လာကာ Bang Khen ခရိုင်တွင် လွှတ်ပေးခဲ့သည်ဟု ဆက်လက် ပြောဆိုသည်။
လက်နက်ကိုင်ဂိုဏ်း အသုံးပြုခဲ့သော ယာဉ်များသည် လိုင်စင်နံပါတ်ပြား အတုများဖြစ်ပြီး ယာဉ်နှစ်စီးသည် သီးခြားစီ မောင်းပြေးခဲ့ကြသည်ဟု ရဲမှူးကြီး Pornthep က ပြောဆိုခဲ့သည်။
ဖမ်းဆီးငွေညှစ်ခံရသူတစ်ဦးက ယခု ရာဇဝတ်မှုတွင် သူ၏ ဇနီးဟောင်းဖြစ်သူသည် နောက်ကွယ်မှ ပါဝင်ဖွယ်ရှိသည်ဟု သံသယရှိကြောင်း ပြောကြားခဲ့သည်။ လက်နက်ကိုင်ဂိုဏ်းနှင့် ဇနီးဟောင်းဆိုသူသည် ထိုင်းနိုင်ငံအတွင်း ပုန်းအောင်းနေသည်ဟု ယုံကြည်ကြောင်း ရဲမှူးကြီးက ပြောကြားခဲ့သည်။
လက်ရှိတွင် ၎င်းတို့ကို လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ လုပ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့အစောင့်အရှောက်ဖြင့် ထားရှိကြောင်း သိရပြီး ၎င်းတို့နှစ်ဦး၏ အမည်နာမများကို မူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
Ref: ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
