Top News

ဦးခေါင်းခွံခွဲစိတ်ကုသမှုခံယူခဲ့ရသည့် ဝုလ်ဗ်အသင်းတိုက်စစ်မှူး ဟီမင်နက်ဇ် လေ့ကျင့်ခန်းပြန်ဆင်း
24htopnews | October 22, 2024 1:12 PM CST

ဦးခေါင်းခွံအက်ကွဲသည့်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရသည့် တိုက်စစ်မှူး ဟီမင်နက်ဇ်အနေဖြင့် လေ့ကျင့်ခန်းပြန်ဆင်းနေပြီ ဖြစ်ကြောင်း ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်တိုက အတည်ပြုပြောကြားခဲ့သည်။

မက္ကဆီကိုလက်ရွေးစင်တိုက်စစ်မှူး ဟီမင်နက်ဇ်သည် ၂၀၂၀ နိုဝင်ဘာ (၂၉) ရက်က အာဆင်နယ်အသင်းနှင့်ကစားသည့်ပွဲတွင် ပြိုင်ဘက်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်နှင့် ခေါင်းချင်းတိုက်မိရာမှ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းခွံအက်ကွဲသွားသဖြင့် ခွဲစိတ်ကုသမှုခံယူခဲ့ရသည်။ 

၎င်းအနေဖြင့် လေ့ကျင့်ခန်းပြန်လုပ်နေပြီဖြစ်သော်လည်း ယခုရာသီတွင်မူ ပြန်ကစားနိုင်ရန် မလွယ်ကူကြောင်း နူနိုဆန်တိုက ပြောကြားခဲ့သည်။ 

"သူ လေ့ကျင့်နေပါပြီ။ လေ့ကျင့်မှုအများစုကတော့ တစ်ဦးတည်းလုပ်နေတာပါ။ နည်းစနစ်ပိုင်းလေ့ကျင့်ခန်းလို တချို့လေ့ကျင့်မှုအပိုင်းတွေမှာလည်း ပူးပေါင်းပါဝင်နေပါပြီ။ ဒါကြောင့် သူ့အခြေအနေက ပိုပြီး ကောင်းလာပါပြီ။ သူ့ရဲ့တိုးတက်မှုတွေက တကယ်ကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ အရမ်းသတိထားရမှာဖြစ်ပြီး အပြုသဘော အခြေအနေကို ဆက်ထိန်းထားနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ သူ့ကိုသတိရနေပေမဲ့ သူက မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ မှန်ကန်တဲ့ခြေလှမ်းတွေနဲ့ ပြန်လည်ကောင်းမွန်လာဖို့ ကြိုးစားနေတယ်ဆိုတာ သဘောပေါက်ပါတယ်။အဆင့်အလိုက် လုပ်ရမှာတွေကျန်သေးပြီး စိတ်ရှည်ရှည်ထားဖို့ လိုပါတယ်"ဟု နူနိုဆန်တိုက ပြောကြားခဲ့သည်။ 

ဝုလ်ဗ်အသင်းသည် ဟီမင်နက်ဇ် ဒဏ်ရာရရှိပြီးနောက်ပိုင်း ရလဒ်များဆိုးရွားနေပြီး တိုက်စစ်ပိုင်းက ဂိုးရရန် ရုန်းကန်နေရသည်။ 


READ NEXT
Cancel OK