မိုချန်ဂလာဘတ် - မိန့်ဇ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက် ည ၉:၀၀ နာရီ)
မိုချန်ဂလာဘတ်က (၃)ပွဲဆက်နိုင်ပွဲပျောက်မှုကို အဆုံးသတ်ဖို့ ကြိုးစားလိမ့်မယ်။ မိန့်ဇ်ကလည်း အဝေးကွင်းမစွံတဲ့ အသင်းပါ။ မိုချန် အနိုင်သေချာသလောက်ရှိတယ်။
ဖရိုင်းဘတ် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက် ည ၉:၀၀ နာရီ)
ဖရိုင်းဘတ်အသင်းက အိမ်ကွင်း(၇)ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားပြီး နောက်ဆုံး(၆)ပွဲမှာ (၅)ပွဲအထိ အနိုင်ရခဲ့တယ်။ ဒီပွဲလည်း ဖရိုင်းဘတ် အနိမ့်ဆုံးသရေကစားဦးမယ်။
ဖရန့်ဖတ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက် ည ၉:၀၀ နာရီ)
ပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်ကွင်းမှာ ဘိုင်ယန်မြူးနစ်အသင်း ဂိုးပြတ်ရှုံးခဲ့ပေမဲ့ နောက်ဆုံးတွေ့ဆုံမှု(၇)ပွဲမှာ (၆)ပွဲအထိ အနိုင်ရထားခဲ့ကာ (၅)ပွဲက အနည်းဆုံး(၃)ဂိုးလောက် ပြတ်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ ဖရန့်ဖတ်အသင်းက ဘိုင်ယန်အသင်း ပထမအကျော့ဆုံတွေ့တုန်းက အနေအထားမျိုးမဟုတ်တော့တာ သတိပြုသင့်တယ်။ ယိုဗစ် ရောက်လာတာက ကိုယ်တိုင်အကျိုးပြုမှုထက် အန်ဒရေဆေးလ်ဗားကို တွန်းအားဖြစ်စေပြီး (၄)ပွဲဆက်ဂိုးသွင်းထားကာ (၆)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ (၂)ပွဲဆက် အမှတ်လျော့ခံဖို့မရှိတဲ့ ဘိုင်ယန်ကို ပဲ ရွေးချယ်တာပိုကောင်းမယ်။
ကိုလုံး - စတုဂတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက် ည ၉:၀၀ နာရီ)
ကိုလုံးအသင်း ရှုံးပွဲပြန်တွေ့ထားပေမဲ့ ခြေစွမ်းကတော့ စောင့်ကြည့်ရမယ့်အနေအထားပါ။ အိမ်ကွင်းလည်းဖြစ်လို့ ကိုလုံး အမှတ်ရလိမ့်မယ်။
ရှော်လ်ကေး - ဒေါ့မွန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက် ည ၁၂:၀၀ နာရီ)
ဘွန်ဒစ်လီဂါမှာ ဒေါ့မွန်အသင်း အခြေအနေဆိုးနေမှုက အံ့အားသင့်စရာတော့ ကောင်းပါတယ်။ နောက်ဆုံးကစားတဲ့ (၆)ပွဲမှာ (၁)ပွဲသာ အနိုင်ရတော့သလို၊ အဝေးကွင်းနောက်ဆုံး (၅)ပွဲမှာ (၄)ပွဲအထိ အရေးနိမ့်ထားတဲ့ ခြေစွမ်းပိုင်းကလည်း ဒေါ့မွန်အသင်းကို ယုံကြည်စေဖို့ခက်နေတယ်။ ဒါပေမဲ့ ဟော်ဖန်ဟင်မ်နဲ့ပွဲမှာ ဟော်လန်း၊ ဆန်ချိုတို့ (၂)ဦးစလုံး ဂိုးပေါက်တွေ့ခဲ့တာက အပြောင်းအလဲဖြစ်လာမလားပဲ မျှော်လင့်ရမယ် ထင်တယ်။ ရှော်လ်ကေးကတော့ အိမ်ကွင်း(၃)ပွဲဆက် အရေးနိမ့်ထားပေမဲ့ မထင်မှတ်တာလုပ်မလားတစ်ချက်ကိုတော့ စောင့်ကြည့်ရမယ်။ ရှော်လ်ကေး ဂိုးပြတ်မရှုံးလောက်ဘူး။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
