စပါးအသင်းသည် မန်ချက်စတာ မြို့ခံနှစ်သင်း ခေါ်ယူရန် စိတ်ဝင်စားနေသည့် တိုက်စစ်မှူး ဟာရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၅၀)ဟု စျေးနှုန်းသတ်မှတ် လိုက်ကြောင်း သိရသည်။
မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်သည့် မန်စီးတီးနှင့် မန်ယူအသင်းတို့သည် ဟာရီ ကိန်းကို ခေါ်ယူရန် ပြီးခဲ့သည့်နှစ်များကတည်းက စောင့်ကြည့်နေခဲ့ကြပြီး လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် အပြိုင်ကြိုးပမ်း ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ဟာရီကိန်းသည် စပါးအသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း တစ်ပတ်လုပ်ခ ပေါင်(၂)သိန်းသာ ရရှိ နေသည့်အတွက် လစာငွေ ပိုမိုရရှိမည့်အသင်းထံ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်းလည်း သိရသည်။ မန်စီးတီးအသင်းသည် ၀ါရင့်တိုက်စစ်မှူး အဂွဲရိုး၏ နေရာတွင် အစားထိုးရန် ဟာရီကိန်းကို ပစ်မှတ်ထားနေခြင်း ဖြစ်သလို၊ မန်ယူအသင်းကလည်း ထိပ်တန်း တိုက်စစ်မှူးတစ်ဦး ခေါ်ယူအားဖြည့်ရန် ပြင် ဆင်နေရာ ဟာရီကိန်းကို ပစ်မှတ်ထားနေခြင်း ဖြစ်ကြောင်း သိရသည်။
စပါးအသင်းသည် ဟာရီကိန်းကို လက်လွှတ်ရန် လိုလားခြင်းမရှိသော်လည်း ကစားသမား၏ ဆန္ဒအရ မဖြစ်မနေ ဆုံးရှုံးရမည်ဆိုပါက မြင့်မားသည့် ပြောင်းရွှေ့ကြေး ရရှိရန် လိုလားနေပြီး ယခုသတ်မှတ်လိုက်သည့် ပေါင်သန်း (၁၅၀)ကို လျှော့ချပေးဖွယ်မရှိကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
