ရီးယဲလ်မက်ဒရစ်အသင်း၏ ဒဏ်ရာရ ကစားသမားစာရင်းတွင် တိုက်စစ်မှူး ဘန်ဇီမာထပ်တိုးလာပြီး အတ္တလန္တာအသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲကို လွဲချော်ဖွယ်ရှိ နေကြောင်း သိရသည်။
ဘန်ဇီမာသည် ကြာသပတေးနေ့တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး သောကြာနေ့က ပြုလုပ်သည့် လေ့ကျင့်ခန်းအစီအစဉ်ကို လွဲ ချော်ခဲ့သလို မေန့က ကစားခဲ့သည့် ဗယ်လာဒိုလစ်အသင်း နှင့်ပွဲတွင်လည်း ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
"ဘန်ဇီမာ နောက်တစ်ပတ်မှာ ပြန်ကစားနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ ကာရင်က ကျွန်တော်တို့အတွက် ဘယ်လိုပေးဆပ်ထားတဲ့သူဆိုတာ၊ ဘယ်လောက်အရေးပါတဲ့သူဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီအခြေအနေကို ဖြေရှင်းရမှာဖြစ်ပြီး တခြားသူတွေလိုပဲ အမြန်ဆုံး သူပြန်ကောင်းလာစေဖို့ ကြိုးစားရမှာပါ" ဟု ဇီဒန်းက ပြောကြားခဲ့သည်။
ဘန်ဇီမာအနေဖြင့် မည်သည့်ဒဏ်ရာ အမျိုးအစားရရှိခြင်းဖြစ်ပြီး မည်မျှအနားယူရမည်ကို ဇီဒန်းက ပြောကြားခြင်းမရှိသော်လည်း လာမည့်တစ်ပတ် ပြန်ကစားနိုင်ခြင်း ရှိမရှိ စောင့်ကြည့်ရမည်ဟုဆိုသောကြောင့် ဗုဒ္ဓဟူးနေ့တွင် အတ္တလန္တာအသင်းနှင့်ကစားမည့် အဝေးကွင်းပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေ ခြင်းဖြစ်သည်။
ရီးယဲလ်အသင်းတွင် အသင်း ခေါင်းဆောင် ရာမို့စ်၊ ဟာဇက်၊ မာဆယ်လို၊ ကာဗာဟယ်လ်၊ မီလီတို၊ အော်ဒရီယိုဇိုလာ၊ ဗယ်လ်ဗာဒီ၊ ရိုဒရီဂို စသည့်ကစားသမားများလည်း ဒဏ်ရာကြောင့် အနားယူနေရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
