အာဆင်နယ်အသင်းနည်းပြ အာတီတာ က မိမိအသင်း၏ ယခုရာသီ ဥရောပပြိုင်ပွဲဝင်ခွင့် မျှော်လင့်ချက်အတွက် လာမည့်ပွဲအနည်းငယ်အတွင်း အဖြေထွက်ပေါ်မည် ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပွဲစဉ် ၂၄ အပြီးတွင် ရမှတ် ၃၄ မှတ်ဖြင့် အဆင့် ၁၀ နေရာရောက်ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာနှင့် ရှစ်မှတ်၊ ယူရိုပါလိဂ်ဝင် ခွင့် အဆင့် ၆ နေရာနှင့် ခြောက်မှတ်ကွာဟနေသည်။ အာဆင်နယ်အသင်းအနေဖြင့် ယနေ့တွင် ပြိုင်ပွဲစုံ ၁၇ ပွဲဆက်တိုက် အနိုင်ရထားသည့် မန်စီးတီးအသင်းနှင့် အိမ်ကွင်းပွဲကစားရမည်ဖြစ်ရာ အာတီတာက ယင်းကဲ့သို့ သုံးသပ်ပြောကြားခြင်းဖြစ်သည်။
"ကျွန်တော်တို့အနေနဲ့ အပေါ်ဘက်ကအသင်းတွေနဲ့ ကွာဟမှုကို မလျှော့ချနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ရာသီက အဖြေထွက် သွားပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့ သာ ပိုပြီးနီးကပ်အောင် လုပ်နိုင်မယ်ဆိုရင် တော့ အရှိန်အဟုန်ကောင်းတစ်ခုဖြစ်လာစေမှာပါ။ ရာသီတစ်ခုအတွက် အမှားခံနိုင်တဲ့ အခြေအနေက အနည်းဆုံးကို ရောက်လာပြီဆိုတာ ကျွန်တော်တို့သိပါတယ်။ ပြီးခဲ့တဲ့လ တွေမှာ အမှားတွေကျူးလွန်ခဲ့တာကြောင့် အခုကစပြီး ပြင်ဆင်နိုင်ဖို့ လိုနေပါပြီ။ စီးတီး ကတော့ အခုလောလောဆယ်မှာ ဥရောပရဲ့ အကောင်းဆုံးအသင်းပဲလို့ ကျွန်တော်ထင်တယ်။ သူတို့ပြသနေတဲ့ စွမ်းဆောင်ရည်၊ ကစားနေတဲ့ပုံစံနဲ့ တည်ငြိမ်တဲ့ရလဒ်တွေက ဒီအချက်ကို ညွှန်းဆိုနေပါတယ်" ဟု အာတီတာက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
