သြစတြေးလျအိုးပင်းအမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံဖြစ်သည့် ကမ္ဘာ့အဆင့် ၁ ဆားဘီးယားကစားသမား ဂျိုကိုဗစ်နှင့် ရုရှား ကစားသမား မက်ဗီဒက်ဗ် (ဆီဒင် ၄) ထိပ် တိုက်တွေ့ဆုံနေကြောင်း သိရသည်။
ဂျိုကို ဗစ် (၃၃ နှစ်) သည် သြစတြေးလျအိုးပင်းပြိုင် ပွဲတွင် ရှစ်ကြိမ်ဗိုလ်စွဲထားပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးကစားသမား အဖြစ် ရပ်တည်နေသလို ကစားသမားဘဝ ဂရင်းစလင်းချန်ပီယံဆု စုစုပေါင်း ၁၇ ကြိမ် ရရှိထားသူဖြစ်သည်။ ထို့ပြင် ၎င်းသည် သြ စတြေးလျအိုးပင်း ဗိုလ်လုပွဲသို့ တက်ရောက်ဖူးသည့် ရှစ်ကြိမ်စလုံး ရှုံးပွဲလုံးဝမရှိဘဲ ရာနှုန်း ပြည့် ဗိုလ်စွဲထားကြောင်း သိရသည်။
နိုဝင်ဘာမှစ၍ ပွဲ ၂၀ ဆက်တိုက် အနိုင်ရပြီး လက်စွမ်းပြကစားနေသည့် မက်ဗီဒက်ဗ် (၂၅ နှစ်) မှာမူ ဂရင်းစလင်းချန်ပီယံဆု တစ်ကြိမ်မျှမရဖူးဘဲ သြစတြေးလျအိုးပင်းဗိုလ်လုပွဲသို့ ပထမ ဆုံးအကြိမ်နှင့် စုစုပေါင်း ဂရင်းစလင်းဗိုလ်လု ပွဲသို့ နှစ်ကြိမ်မြောက် တက်ရောက်ဖူးခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ယခုပွဲမတိုင်မီ ခုနစ် ပွဲ ထိပ်တိုက်တွေ့ဆုံဖူးပြီး ဂျိုကိုဗစ်က လေးပွဲ နှင့် မက်ဗီဒက်ဗ်က သုံးပွဲ အနိုင်ရထားသည်။ ဂျိုကိုဗစ်နှင့် မက်ဗီဒက်ဗ် ယှဉ်ပြိုင်ကစားမည့် ဗိုလ်လုပွဲကို ယနေ့ (တနင်္ဂနွေနေ့) မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် ကျင်းပမည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
