Top News

လာလီဂါပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက်
24htopnews | October 22, 2024 1:13 PM CST

အယ်လ်ချီ - အီဘာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက် ည ၇:၃၀ နာရီ)



နှစ်သင်းစလုံး နိုင်ပွဲရှာနေတဲ့အချိန်ဖြစ်နေတယ်။ ဒါကြောင့် အဆင့် (၁၉)နေရာရောက်သွားတဲ့ အယ်လ်ချီရဲ့ အိမ်ကွင်းရုန်းအားကို ပိုပြီးဂရုပြုရမယ်ထင်တယ်။ ဒီနှစ်သင်း အရင်က ထိပ်တိုက်တွေ့ဆုံမှုအစဉ်အလာတွေမှာလည်း အယ်လ်ချီ အသာရတာ များတယ်။ အိမ်ကွင်းလည်းဖြစ်လို့ အယ်လ်ချီ မရှုံးနိုင်တာ သေချာတယ်။ အယ်လ်ချီနဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။



- အယ်လ်ချီအသင်းသည် လာလီဂါနောက်ဆုံး (၁၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားသည်။

- အီဘာအသင်းသည် လာလီဂါအဝေးကွင်း နောက်ဆုံး (၆)ပွဲဆက် နိုင်ပွဲမရထားပေ။

 



အက်သလက်တီကို - လီဗန်တေး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက် ည ၉:၄၅ နာရီ)

အက်သလက်တီကိုကတော့ အတက်အကျ သိပ်မရှိလှပါဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်ပြန်ဝင်လာပြီဖြစ်လို့ လာလီဂါဘက်မှာ အရှိန်ပြောင်းသွားနိုင်မလားဆိုတာကိုတော့ ထည့်စဉ်းစားဖို့လိုလာပါပြီ။ လက်ရှိအနေအထားတွေအရတော့ အက်သလက်တီကိုရဲ့ ဒီရာသီရည်မှန်းချက်က လာလီဂါချန်ပီယံဖြစ်ရေးဘက်ကို ပိုအာရုံကျနေတာမျိုးတွေ့ရလို့ လာလီဂါဘက်က အရှိန်လျော့သွားမယ့်ပုံမျိုးတော့ မရှိဘူး။ အခုရင်ဆိုင်ရမယ့် လီဗန်တေးကလည်း ခြေစွမ်းအညံ့ကြီးမဟုတ်ဘူး။ တိုက်စစ်အားကောင်းပြီး ရဲရဲတုံ့ပြန်ကစားတတ်တဲ့အသင်းဖြစ်လို့ အက်သလက်တီကို သတိထားရမယ့်ပြိုင်ဘက်မျိုးလို့ ပြောနိုင်တယ်။ အက်သလက်တီကို ကစားပုံကလည်း ဒီရာသီမှာ အရင်ထက် တိုက်စစ်ပိုင်းပိုမို အားပြုလာပြီး ခံစစ်ပိုင်းအပြောင်းအလဲရှိလာတာတွေ့ရလို့ လီဗန်တေးရဲ့ ရဲရဲဖွင့်ကစားလာမယ့်တိုက်စစ်ကို မနည်းပြန်တောင့်ခံရမယ့်ပုံတော့ပေါ်နေတယ်။ ဒီတော့ ဒီပွဲရဲ့အဖြေက အက်သလက်တီကိုတိုက်စစ်ပိုင်းစွမ်းဆောင်ရည်ဖြစ်ပြီး၊ အိမ်ကွင်းလည်းဖြစ်နေလို့ အက်သလက်တီကိုနဲ့ ဂိုးအများကိုပဲ ရွေးထားမယ်။



- အက်သလက်တီကိုအသင်းသည် လာလီဂါအိမ်ကွင်းနောက်ဆုံး (၂၂) ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ (၁၇)ပွဲနိုင်၊ (၅)ပွဲသရေကျခဲ့သည်။ အဆိုပါ (၂၂)ပွဲတွင် ဂိုးမပေးရသည့်ပွဲ (၁၃)ပွဲအထိရှိခဲ့သည်။

- လီဗန်တေးအသင်း၏ လာလီဂါနောက်ဆုံး (၃)ပွဲတွင် နှစ်သင်းပေါင်း သွင်းဂိုး (၂.၅)ဂိုးအထက်တွင် ရှိခဲ့သည်။

 



ဗလင်စီယာ - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက် ည ၁၂:၀၀ နာရီ)

လတ်တလောအနေအထားတွေအရတော့ ဆယ်လ်တာဗီဂိုထက် ဗလင်စီယာ ခြေစွမ်းပိုင်းအတက်အကျပိုများတာ တွေ့ရတယ်။ ဆယ်လ်တာဗီဂိုက ဂိုးသွင်းနှုန်းပါပြန်အားကောင်းနေပြီး အဝေးကွင်းပွဲတွေမှာလည်း မရှုံးအောင် ပိုထိန်းကစားလာနိုင်တယ်။ ဂိုးများသရေပွဲလို့ မှန်းထားချင်တယ်။



- ဗလင်စီယာအသင်း၏ လာလီဂါအိမ်ကွင်းနောက်ဆုံး (၄)ပွဲတွင် နှစ်သင်းပေါင်း သွင်းဂိုး (၂.၅)ဂိုးအောက်သာ ရှိခဲ့သည်။

- ဆယ်လ်တာဗီဂိုအသင်းသည် လာလီဂါအဝေးကွင်းနောက်ဆုံး (၁၆)ပွဲတွင် (၁၅)ပွဲအထိ နိုင်ပွဲ ပျောက်ဆုံးထားသည်။



ဗယ်လာဒိုလစ် - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၂:၃၀ နာရီ)



ရီးယဲလ်မက်ဒရစ် နိုင်ပွဲပြန်ဆက်လာပေမဲ့ ချန်ပီယံလိဂ် ပြန်ဝင်လာချိန်မျိုးမှာတော့ နည်းနည်းသတိထားရမယ်ထင်တယ်။ ရီးယဲလ်ရဲ့လက်ရှိခြေစွမ်းကလည်း ငြိမ်လှပြီမဟုတ်သေးဘူး။ အထူးသဖြင့် အဝေးကွင်းပွဲတွေမှာ ရီးယဲလ် ခြေစွမ်းအတက် အကျရှိနေတတ်သလို၊ တိုက်စစ်ပိုင်းကပါ ဂိုးသွင်းနှုန်းသိပ်မငြိမ်သေးဘူး။ ဗယ်လာဒိုလစ်ကလည်း အခုတလော အိမ်ကွင်း ကစားပုံ ပြန်တက်လာသလိုတွေ့ရတယ်။ အထူးသဖြင့် ဗယ်လာဒိုလစ်ရဲ့ အိမ်ကွင်းခံစစ်ကစားနိုင်စွမ်းကို လျှော့တွက်ထားလို့ မရဘူး။ အသင်းမှာ ဒဏ်ရာပြဿနာတွေရှိနေပေမဲ့ အိမ်ကွင်းဆို အားထုတ်မှုပိုကောင်းတတ်သလို၊ အမှတ်ရအောင်လည်း ရှာနေရတဲ့အချိန်ဖြစ်လို့ ဗယ်လာဒိုလစ်ရဲ့ အိမ်ကွင်းတုံ့ပြန်အားက ရီးယဲလ်အတွက် အခက်အခဲဖြစ်သွားစေနိုင်တာ သေချာသလောက်ပဲ။ ရီးယဲလ်ကလည်း ဒီရာသီ ဇီဒန်းလက်ထဲမှာ ဟန်ချက်ညီအောင် မနည်းထိန်းကျောင်းနေရတယ်။ ဗယ်လာဒိုလစ် သရေလောက် ခံကစားသွားနိုင်မယ်ထင်တယ်။ ဂိုးနည်းမယ်။



- ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါအဝေးကွင်းနောက်ဆုံး (၇)ပွဲဆက်ရှုံးပွဲမရှိခဲ့ဘဲ (၄)ပွဲနိုင်၊ (၃)ပွဲသရေကျခဲ့သည်။ အဆိုပါ (၇)ပွဲတွင် (၂)သင်းပေါင်းသွင်းဂိုးမှာ တစ်ပွဲပျမ်းမျှ (၂.၄)ဂိုးရှိခဲ့သည်။

- ဗယ်လာဒိုလစ်အသင်းသည် လာလီဂါနောက်ဆုံး (၆)ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားသည်။

 


READ NEXT
Cancel OK