ပရီးမီးယားလိဂ်ပြိုင်ပွဲကို အနာဂတ်တွင်လည်း လက်ရှိကျင်းပနေသည့် အသင်း (၂၀) ဖြင့်သာ ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း အမှုဆောင်ချုပ်ဖြစ်သူ ရစ်ချက်မာစတာက အတည်ပြုပြောကြားခဲ့သည်။
ပြီးခဲ့သည့်ကြာသပတေးနေ့က ပြုလုပ်သည့် Business of Football ဆွေးနွေးပွဲတွင် ရစ်ချက်မာစတာက ယခုလို ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး ဘွန်ဒစ်လီဂါကဲ့သို့ (၁၈)သင်းပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပမည်မဟုတ်ဟု ဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ်က သတင်းများထွက်ပေါ်ခဲ့သော Project Big Picture အစီအစဉ်အရ EFL (ပရီးမီးယားလိဂ်ပြင်ပ အောက်တန်း လိဂ်သုံးခု) နှင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ကို ငွေကြေးထောက်ပံ့မှု ပိုမိုပြုလုပ်နိုင်ရန်အတွက် ပရီးမီးယားလိဂ်ကို အပြောင်းအလဲပြုလုပ်ရန်၊ အသင်းအရေအတွက်ကို (၂၀) အစား (၁၈) သင်းသို့လျှော့ချ၍ လိဂ်ဖလားနှင့် ကွန်မြူနတီဒိုင်းပြိုင်ပွဲအား ဖျက်သိမ်းရန် စသည်ဖြင့် အပြောင်းအလဲများပြုလုပ်ရန် တိုက်တွန်းမှုရှိနေသော်လည်း ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချက်မာစတာက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
"မဟာဗျူဟာပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဆယ်စုနှစ်တစ်ခုလောက်ကြာနေပြီဆိုရင် အားလုံးကို ဆွေးနွေးသင့်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့က ဒီစက်ဝန်းရဲ့တစ်ဝက်လောက် ရောက်နေတာပါ။ ကျွန်တော်တို့အနေနဲ့ ၁၉၉၅ ခုနှစ်ကတည်းက အသင်း (၂၀) ရှိတဲ့ လိဂ်ပြိုင်ပွဲကို ကျင်းပလာတာပါ။ ဒီပုံစံက ဘွန်ဒစ်လီဂါကလွဲပြီး ဥရောပတစ်လွှားမှာ လူကြိုက်များတဲ့စနစ်တစ်ခုပါ။ ဘွန်ဒစ်လီဂါမှာ (၁၈) သင်းပဲရှိပြီး ကျွန်တော်တို့သွားနေတဲ့ပုံစံနဲ့ မတူပါဘူး။ အင်္ဂလိပ်ဘောလုံးပြက္ခဒိန်က ဘောလုံးလောကရဲ့ရင်ခုန်စိတ်လှုပ်ရှားစရာ တွေနဲ့ ပြည့်စုံတဲ့အရာပါ။ ဒီခရီးကိုလျှောက်လာတာ ကာလအတော်ကြာပါပြီ။ အခုလော လောဆယ်နဲ့ အနာဂတ်မှာလည်း ပရီးမီးယား လိဂ်က အသင်း ၂၀ ပြိုင်ပွဲအဖြစ် ဆက်ရှိနေမှာပါ"ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် COVID-19 ရောဂါကြောင့် ပရိသတ်မပါဘဲ ကွင်းပိတ်ကစားနေရသော်လည်း ယခုရာသီတွင် ပရိသတ်အချို့ ပြန် လည်ကြည့်ရှုခွင့်ရမည့် မျှော်လင့်ချက်ကို လက်မလျှော့သေးကြောင်းလည်း ရစ်ချက်မာစတာက ဆက်လက်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
