ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းရှိ ရေခဲချောင်းစက်ရုံ မီးလောင်မှု ဖြစ်ပွားရာ Level 2 အဆင့် ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ယနေ့ အောက်တိုဘာ (၂၂) ရက်၊ နံနက် (၆)နာရီ (၃)မိနစ်အချိန်ခန့်က ၎င်းစက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သမိုင်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
“မီတာဘောက်ကစလောင်တာလို့ပြောတယ်။ အိမ်ရှေ့လေးတင်ဖြစ်သွားတာ။ သနားပါတယ်။ လူတော့ အထိခိုက်မရှိဘူး။ ဘေးက နှိုးကြသေးတယ်။ မနိုးတော့ အကုန်ကူးကုန်တာ။ စက္ကူစက်လည်း လုပ်တော့ လောင်စာများတယ်ထင်တယ်။ ခဏထဲနဲ့ အကုန်ကုန်တာပဲ။ အခုတော့ မီးညွှန့်မမြင်ရတော့ဘူး။ မီးခိုးတွေပဲ ကျန်တော့တာ အိမ်ကနေ မြင်ရပါတယ်။ အတော်ကြီးတယ်။ အိမ်က တရုတ်ဘုံကျောင်းလမ်းထဲမှာပါ။”ဟု အနီးနားဝန်းကျင်ရှိ မြို့ခံ တစ်ဦးက ပြောသည်။
ထိုသို့ ငြှိမ်းသတ်ရာ မီးလောင်ကျွမ်းမှုများသဖြင့် နံနက် (၆)နာရီ (၁၂)မိနစ်အချိန်တွင် Level 1 အဆင့် နံနက် (၆)နာရီ (၁၇)မိနစ်အချိန်တွင် Level 2 ယာဉ်အုပ်စုထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၆)နာရီ (၂၇)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၆)နာရီ (၃၅)မိနစ်အချိန်တွင် မီးငြိှမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
“ကျွန်တော့် အိမ်နောက်မှာပါ။ တစ်ညလုံး လျှပ်စစ်မီးက လာလိုက်ပျက်လိုက်နဲ့ပါ။ စလောင်တာ မနက် ၄ နာရီကျော်လောက်က မိုးတွေ အရမ်းရွာနေပေမယ့် အိမ်ထဲမှာ အရမ်းကို လောင်နေပါတယ်။ ပေါက်ကွဲသံတွေလဲကြားရပါတယ်။ မနက် ၆ နာရီ ၁၅ လောက်မှာ မီးသတ်ကားလာပါတယ်။”ဟု နောက်ထပ် မြို့ခံ တစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် လူနှင့်
တိရိစ္ဆာန်ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း စက်ရုံတစ်ရုံလုံးနီးပါး မီးလောင်ကျွမ်းခဲ့ရပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် မီးလောင်မှုအကြောင်းရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
