မြောင်းမြမြို့တွင် အသစ်တည်ဆောက်နေသည့် သူနာပြုသင်တန်းကျောင်းအတွက် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၈၀ အား ခေါ်ယူထားပြီး ဖြစ်သော်လည်း ကျောင်းဖွင့်ချိန်အမီ တည်ဆောက်နေဆဲဖြစ်သည့် ကျောင်းအဆောက်အအုံများ ပြီးဆုံးမည် မဟုတ်သောကြောင့် ယာယီနေရာများတွင်သာ နေရာပေး၍ စာသင်ကြားနိုင်ရန် ယာယီစီစဉ်ထားကြောင်း သတင်းရရှိသည်။
သြဂုတ် ၈ ရက်တွင် ဆောက်လုပ်ဆဲဖြစ်သည့် သူနာပြုသင်တန်းကျောင်း ရှင်းလင်းဆောင်၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင်များ တည်ဆောက်ရေးတွင် ကြီးကြပ်ရေးအဖွဲ့များ တင်ဒါအောင် ကုမ္ပဏီများနှင့် တွေ့ဆုံပွဲတွင် သင်တန်းကျောင်းရှိ ကျောင်းဆောင်များ၊ ကျောင်းသား ကျောင်းသူ အဆောင်များ၊ ဆရာ၊ ဆရာမ အဆောင်များ တည်ဆောက်နေမှုမှာ မူလသတ်မှတ်ထားသည့် စက်တင်ဘာ ၃၀ ရက်တွင် ပြီးစီးနိုင်မည် မဟုတ်သောကြောင့် အချိန်နှစ်လခန့် ထပ်မံလိုအပ်ကြောင်း၊ အဆောက်အအုံများ တည်ဆောက်နေစဉ် အတွင်းမှာပင် ကျောင်းစတင် ဖွင့်လှစ်ရန်အတွက် သင်တန်းများ ခေါ်ယူထားပြီး ဖြစ်သောကြောင့် သင်တန်းများစတင်ချိန် နိုဝင်ဘာ ၁၅ ရက်တွင် လာရောက်ကြမည့် ကျောင်းသားကျောင်းသူ များအတွက် ယာယီသင်တန်းခန်းများနှင့် ယာယီအဆောင်များကိုသာ စီမံဆောင်ရွက် ပေးထားနိုင်မည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြချက်များအရ သိရသည်။
“ဒီ project ကြီးတစ်ခုလုံးရဲ့ အားလုံးရဲ့ ပြီးစီးမှုရာခိုင်နှုန်းဟာ အခုထိဆို ၄၆ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပါတယ်၊ ၄၆ ရာခိုင်နှုန်း ပြီးစီးပြီဆိုတော့ ကျွန်တော်တို့ စက်တင်ဘာ ၃၀ ရက်မှာတော့ ၁၀၀ ရာနှုန်းပြီးစီးဖို့ဟာ မဖြစ်နိုင်ပါဘူး။ ဒါကို ဝန်ကြီးချုပ်ကို တင်ပြပြီး ဖြစ် ပြပါတယ်။ ကျွန်တော်တို့ရဲ့ ကုမ္ပဏီ ခြောက်ခုကနေပြီးတော့ ကုမ္ပဏီတစ်ခုချင်းစီကနေ ပြီးတော့ လိုအပ်တဲ့ extension တွေတောင်းတဲ့အခါမှာ သူတို့အားလုံးက နောက်ထပ်နှစ်လလောက်သာ ဖြည့်လို့ရမယ် ဆိုရင်တော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေအားလုံး ပြီးစီးမယ်လို့ တင်ပြထားပါတယ်။ ဝန်ကြီးချုပ်ကြီးကိုလည်း အစိုးရအဖွဲ့ အစည်းအဝေးမှာ extension နှစ်လပေးဖို့အတွက်ကို တရားဝင် တင်ပြတောင်းဆိုခဲ့ပြီး ဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ ကျောင်းဖွင့်ဖို့ကိစ္စပါ ကျောင်းဖွင့်ဖို့ကိစ္စက နောက်ထပ်နှစ်လလောက် extension ဆွဲမှာဖြစ်တဲ့အတွက် စက်တင်ဘာ ၃၀ ရက်မှာ နောက်ထပ်နှစ်လပေါင်းရင် အောက်တိုဘာ ၃၀ ရက်၊ နိုဝင်ဘာ ၃၀ ရက်အထိ ကျွန်တော်တို့က လိုအပ်မှာ ဖြစ်ပါတယ်။ ကျောင်းဖွင့်မှာက နိုဝင်ဘာ ၁၅ ရက်မှာ ဖွင့်မယ်လို့ ရည်ရွယ်ထားပါတယ်။ နိုဝင်ဘာ ၁၅ ရက်မှာ ကျောင်းဖွင့်ပြီးတော့ စုစုပေါင်း ၈၀ လာမှာ ဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသား ၈၀ လာမှာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီ ၈၀ လာဖို့အတွက်ကို ကျွန်တော်တို့က ဘယ်လိုစီစဉ်ထားသလဲဆိုတော့ ဒီပင်မဆောင်ကြီးက သုံးထပ်ဆောင်ဖြစ်တဲ့ အတွက်ကြောင့် လာတက်မယ့် ကျောင်းသူက ၈၀ သာ ဖြစ်တဲ့အတွက်ကြောင့် စာသင်ခန်းက နှစ်ခန်းသုံးခန်းပဲ အများဆုံးလိုမှာ ဖြစ်ပါတယ်။ အောက်ထပ်မှာရှိတဲ့ စာသင်ခန်း နှစ်ခန်း၊ သုံးခန်း ဒီစာသင်ခန်းထဲမှာ ကျောင်းသူတွေ စာသင်လို့ရမှာ ဖြစ်ပါတယ်။ ဒီအပေါ်က အခန်းတွေက ဟောကြီးတွေပါ။ သူတို့တွေအတွက် ပရိဘောဂအတွက် ခုတင်အလုံး ၈၀ လိုပြီ ဖြစ်ပါတယ်” ဟု မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောကြားသည်။
တင်ပြချက်များအရ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က သင်တန်းများ စတင်ဖွင့်ချိန်အမီ အဆောက်အအုံများ မပြီးစီးသေးပါက ယာယီအဆောင်များ ပြုလုပ်ကာ သင်တန်းသားများကို နေထိုင်စေရန် ထိုသို့မဆောင်ရွက်ဖြစ်ပါက သင်တန်းအား စတင်ဖွင့်ချိန်အား ယာယီရက်ပြောင်းရွှေ့ရန် စီမံဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး အစိုးရအဖွဲ့ အနေဖြင့်လည်း ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
မြောင်းမြသူနာပြု သင်တန်းကျောင်းအား ကျပ်သန်းပေါင်း ၃၄၀၀၀ ကျော် အကုန်အကျခံကာ တည်ဆောက်နေခြင်းဖြစ်ပြီး တင်ဒါအောင်ကုမ္ပဏီများ အနေဖြင့် တည်ဆောက်ရေး လုပ်ငန်းများတွင် ကြန့်ကြာနေရမှုများမှာ အဆောက်အအုံဒီဇိုင်းပိုင်းများ မကြာခဏ အပြောင်းအလဲ ပြုလုပ်ခြင်းကြောင့်လည်း အကြောင်းရင်း တစ်ရပ်အဖြစ် ပါဝင်ကြောင်း၊ အဆောက်အအုံများ မပြီးစီးမီ ကျောင်းအား စတင်ဖွင့်လှစ်ခြင်းမှာ ကျောင်းတွင်း အဆောင်များတွင် နေထိုင်ရမည့် ကျောင်းသူ၊ ကျောင်းသားများ လုံခြုံရေးအနေဖြင့် စိုးရိမ်ရကြောင်း ဝေဖန်မှုများလည်း ရှိနေခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
