Top News

ဂုတ်တွင်း ဘေလီတံတား တည်ဆောက်နေမှု ပြီးစီးပြီ ဖြစ်သဖြင့် အိမ်စီးယာဉ်ငယ်များ၊ ခရီးသည်တင်ယာဉ်ငယ်များ စတင်စမ်းသပ် ဖြတ်သန်း ခွင့်ပြု
24htopnews | October 22, 2024 2:12 PM CST

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မန္တလေး - လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ်၊ ကျောက်မဲမြို့နှင့် နောင်ချိုမြို့ ကြားရှိ ဂုတ်တွင်း ဘေလီတံတား တည်ဆောက်နေမှှု ပြီးစီးပြီ ဖြစ်သဖြင့် သြဂုတ်လ၊ ၂၀ ရက်၊ (ယနေ့)   မွန်းလွဲ(၁)နာရီအချိန်က အိမ်စီးယာဉ်ငယ်များ၊ ခရီးသည်တင်ယာဉ်ငယ်များ စတင်စမ်းသပ် ဖြတ်သန်း ခွင့်ပြုနေပြီဖြစ်ကြောင်း သိရသည်။

ကုန်တင်ယာဉ်နှင့် ယာဉ်ကြီးများကို တံတား ခံနိုင်ဝန်အား စစ်းသပ်မောင်းနှင်ပြီးမှသာ သတ်မှတ်ထားသည့် တန်ချိန်များအတိုင်း ဖြတ်သန်း ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

 ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကြားရှိ ဂုတ်တွင်းဘေလီတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း/တံတား အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သား အင်အား (၂၀၀)ကျော် ၊ Oriental Highways ကုမ္ပဏီမှ အင်ဂျင်နီယာများက စက်/ယာဉ် ယန္တရားများဖြင့် နေ့/ညမပြတ် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါ ဂုတ်တွင်းတံတားမှာ သြဂုတ် ၁၅ ရက် နံနက်တွင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ဖြစ်သည့် TNLA, AA, MNDAA ပူးပေါင်းအဖွဲ့များက မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် မည်သည့်ကုန်တင်ယာဉ်မှ ဖြတ်သန်းသွားလာမရဘဲ ပျက်စီးခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK