Top News

မုံရွာပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများက ဦးဆောင်ကာ အခြေခံပညာမှ အဝေးသင် တက်ရောက်ရာတွင် လုံလောက်သောခွင့် ရရှိရေး အပါအဝင် အချက် သုံးချက်အား ကျောင်းတွင်းကမ်ပိန်း ပြုလုပ်ကာ တောင်းဆို
24htopnews | October 22, 2024 2:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများက ဦးဆောင်ကာ အခြေခံပညာမှ အဝေးသင် တက်ရောက်ရာတွင် လုံလောက်သောခွင့် ရရှိရေး အပါအဝင် အချက် သုံးချက်အား ကျောင်းတွင်းကမ်ပိန်း ပြုလုပ်ကာ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

သြဂုတ် ၁၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး တက္ကသိုလ်နှင့် ကောလိပ်ကျောင်းသားများ အနေဖြင့် ဆန္ဒထုတ်ဖော်ရာတွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် မရှိကြောင်း ဝန်ကြီးာနက တက္ကသိုလ်နှင့် ကောလိပ်ကျောင်းသူ ကျောင်းသားများ ဆန္ဒထုတ်ဖော်ပါက တရားဥပဒေနှင့်အညီ ဆောင်ရွက်ကြရန်အတွက် စာထုတ်ခဲ့ကြောင်း ယင်းအပေါ်မှာ ဝန်ကြီးဌာနက တက္ကသိုလ်နှင့် ကောလိပ်ကျောင်းသူ ကျောင်းသားများအပေါ် ပိတ်ပင်သည်ဟု မြင်မိကြောင်း မုံရွာပညာရေးကောလိပ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုညီညီမင်းထက်ဝေက ဆိုသည်။

“တက္ကသိုလ်နဲ့ကောလိပ်ကျောင်းသားတွေအနေနဲ့ဆန္ဒထုတ်ဖော်တဲ့အခါမှာ လွတ် လပ်စွာဆန္ဒထုတ်ဖော်ခွင့်မရှိဘူးဗျာ။ ဟိုတစ် နေ့က ဝန်ကြီးဌာနက စာထုတ်လိုက်တယ်။တက္ကသိုလ်နဲ့ကောလိပ်ကျောင်းသားတွေအနေနဲ့ဆန္ဒထုတ်ဖော်တဲ့အခါမှာ တရားဥပဒေနဲ့ အညီဆောင်ရွက်ကြဖို့။ ပြီးတော့ တရားဥပဒေ နဲ့အညီဆောင်ရွက်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ဆန္ဒထုတ်ဖော်ခွင့်ကို ပိတ်ပင်တယ်လို့ မြင် တယ်ဗျာ။ ပညာဆက်လက်သင်ယူတဲ့အခါမှာ ခွင့်လုံလောက်စွာပေးဖို့ရယ် ပြီးတဲ့အခါမှာ ကောလိပ်ကနေ နှစ်နှစ်ပြီးလို့ဆင်းသွားတယ်။အခြေခံပညာကိုရောက်သွားမယ်။ အဲဒီအခြေ ခံကိုရောက်သွားတော့ မူလတန်းပြအဖြစ် ကျွန်တော်တို့က တာဝန်ထမ်းဆောင်ရမယ်။အလယ်တန်းပြဖြစ်ဖို့ ရာထူးတိုးဖို့ဆိုရင် ဘွဲ့ တစ်ခုခုလိုတယ်။ အဲဒီဘွဲ့ရဖို့ ကျွန်တော်တို့က အဝေးသင်ကိုသွားတက်ရတယ်။အဲဒီလိုတက် တဲ့အခါမှာ ကျွန်တော်တို့ရဲ့လစာတွေဖြတ်ခံရ တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ကျောင်း သားသမဂ္ဂတွေကို ကျောင်းတက်နေတုန်းမှာ ဖိနှိပ်တာတွေရှိသလို အခြေခံရောက်မှ ဖိနှိပ် တာတွေလည်းရှိတယ်”ဟု မုံရွာပညာရေး ကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုညီညီ မင်းထက်ဝေက ပြောကြားသည်။

မုံရွာပညာရေးကောလိပ်ကျောင်းသား သမဂ္ဂများက ဦးဆောင်ကာ ကျောင်းအတွင်း ကမ်ပိန်းပြုလုပ်ကာ တောင်းဆိုခဲ့သည့်အချက် သုံးချက်ရှိပြီး ယင်းအချက်သုံးချက်အနက် နှစ်ချက်သည် အခြေခံပညာနှင့်သက်ဆိုင် ကြောင်း၊ ကျန်အချက်တစ်ချက်သည် မိမိတို့ နှင့်သက်ဆိုင်ကြောင်း၊ ယင်းသက်ဆိုင်သည့် အချက်နှင့်ပတ်သက်၍ မုံရွာပညာရေးကော လိပ်အနေဖြင့် ကျောင်းသူကျောင်းသားများ အပေါ် ဖိနှိပ်မှုမရှိကြောင်း မုံရွာပညာရေး ကောလိပ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသိင်္ဂီကျော်က ပြောကြားသည်။

“ကျွန်မက မုံရွာပညာရေး ကျောင်းသားသမဂ္ဂကို အမြဲတမ်းပြောပါတယ်။ တစ်ခုခု ရှိလို့ရှိရင် ကျွန်မဆီကို စာနဲ့တင်ပါ။ သတင်းကြားတဲ့အခါမှာ သူတို့ကို ခေါ်မေးတော့ သူတို့က စာနဲ့တင်ပါတယ်။ သူတို့က အချက် သုံးချက် တောင်းဆိုစရာ ရှိတယ်လို့ ပြောပါတယ်။ B.A/B.Sc Education တတိယနှစ် ဖွင့်လှစ်မယ့်ကိစ္စကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှုရှိရန်၊ ကောလိပ်ကျောင်းသားတွေ ပညာဆက်လက် သင်ကြားရာမှာ ခွင့်လုံလောက်စွာ ရရှိရန်၊ အဲဒါကတော့ ကောလိပ်ကျောင်းသားများလို့ သူပြောတာက တကယ်တမ်းကျတော့ အခြေခံပညာမှာရှိတဲ့ ဆရာဆရာမတွေက ဘွဲ့မရသေးတဲ့ အတွက်ကြောင့် အဝေးသင်တက်တဲ့အခါမှာ ခွင့်ရဖို့လို့ ပြောပါတယ်။ နောက်တစ်ခုကတော့ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများအပေါ် ဖိနှိပ်မှု မရှိစေရန်ဆိုတဲ့ အတွက်ကြောင့်မို့လို့ ဒီအပေါ်မှာတော့ ကျွန်မတို့ မုံရွာပညာရေး ကောလိပ်အနေနဲ့ ကျောင်းသူ ကျောင်းသားတွေအပေါ်မှာ ဖိနှိပ်မှုမရှိပါဘူး။ ကျန်တဲ့အချက် နှစ်ချက်ကတော့ အခြေခံပညာနဲ့ပဲ ဆိုင်ပါတယ်”ဟု  မုံရွာပညာရေး ကောလိပ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသိင်္ဂီကျော်က ဆက်လက် ပြောကြားသည်။

မုံရွာပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများက ဦးဆောင်ကာ ကျောင်းတွင်း ကမ်ပိန်းပြုလုပ် တောင်းဆိုခဲ့သည့် အချက် သုံးချက်သည် B.A (Edu) / B.Sc (Edu)နှင့် ပတ်သက်၍ ပွင့်လင်းစွာ ထုတ်ပြန်ရန်၊ အခြေခံပညာမှ အဝေးသင် တက်ရောက်ရာတွင် လုံလောက်သောခွင့် ရရှိရန်၊ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများအပေါ် ဖိနှိပ်မှုရပ်တန့်ရန် စသည့်အချက် သုံးချက်အား တောင်းဆိုခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK