ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရေ လှောင်တမံများအနက် ရေပိုလွှဲမှ ရေကျော် ကျနေသည့် ရေ လှောင်တမံ ၂၁ ခုအထိရှိပြီး ကြီးအုံကြီးဝရေလှောင်တမံတွင် ယခင်ရက် ပိုင်းက ရေပိုလွှဲမှ ၆ ဒသမ ၃ ပေအထိ ရေကျော်ခဲ့သော်လည်း လက်ရှိတွင် ၄ ဒသမ ၇ ပေ ရေကျော်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မုန်းချောင်း ရေလှောင်တမံတွင် ယခင်ရက်ပိုင်းက ရေပိုလွှဲမှ ၆ ဒသမ ၄ ပေ အထိ ရေကျော်လျက် ရှိသော်လည်း လက်ရှိတွင် ၃ ဒသမ ၈ ပေရေကျော် လျက်ရှိကြောင်း သိရသည်။
သြဂုတ် ၁၉ ရက်တွင် ထုတ်ပြန်ထားသည့် ရေပိုလွှဲမှ ရေကျော်နေသည့် ရေလှောင်တမံများ စာရင်းအရ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ ရေဘုတ်ရေလှောင်တမံတွင် ရေပိုလွှဲမှ အမြင့် ၁ ဒသမ ၇ ပေအထိ လည်းကောင်း၊ ချင်းပြည်နယ် ဖလမ်းမြို့နယ် အတွင်းရှိ လိုင်ဗားရေလှောင်တမံတွင် ရေပို လွှဲမှ ရေကျော်အမြင့် ၀ ဒသမ ၄ ပေအ ထိရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်းရှိ ရာဇဂြိုလ် ရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့် ၁ ဒသမ ၂ ပေ ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် အတွင်းရှိ ရေသိုးလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော် အမြင့် ၁ ဒသမ ၄ ပေအထိ လည်းကောင်း၊ မင်းရဲရေလှောင်တမံတွင် ရေ ပိုလွှဲ မှ ရေကျော်အမြင့် ၀ ဒသမ ၆ ပေ အထိရှိကြောင်း၊ ဖြူးမြို့နယ်အတွင်းရှိ ငမြွေ ရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော် အ မြင့် ၀ ဒသမ ၆၀ ပေအထိရှိနေကြောင်း၊ ဖြူးချောင်း ရေလှောင်တမံတွင် ရေပိုလွှဲမှ ၂ ဒသမ ၃၀ ပေအထိလည်းကောင်း၊ ရွှေပြည် (၃) ရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော် အမြင့် ၀ ဒသမ ၅ ပေအထိ ရှိနေကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် အတွင်းရှိ မြစ်သာရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့် ၀ ဒသမ ၈ ပေအထိ လည်းကောင်း၊ စေတုတ္တရာမြို့နယ် အတွင်းရှိ မုန်းချောင်းရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့် ၃ ဒသမ ၈ ပေ အထိ လည်းကောင်း၊ ငဖဲမြို့နယ် အတွင်းရှိ မန်းချောင်းရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့်ပေ တစ်ပေအထိ လည်းကောင်း၊ ပွင့်ဖြူမြို့နယ် အတွင်းရှိ ကြီးအုံကြီးဝ ရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့် ၄ ဒသမ ၇ ပေအထိ ရှိနေကြောင်း သိရသည်။
မွန်ပြည်နယ် သထုံခရိုင် အတွင်းရှိ ၀ါးပါးရေလှောင်တမံတွင် ရေပိုလွှဲမှရေကျော် အမြင့် ၀ ဒသမ ၂၅ ပေအထိလည်းကောင်း၊ မော်လမြိုင်ခရိုင် အတွင်းရှိ ရွှေနတ်တောင် ရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော် အမြင့် ၀ ဒသမ ၄ ပေအထိလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ် တောင်ညို ရေလှောင်တမံတွင် ရေပိုလွှဲမှ တစ်ပေအထိ လည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းရှိ ပြိုင်းချောင်းရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့် ၀ ဒသမ ၄ ပေအထိလည်းကောင်း၊ မင်းပြားမြို့နယ် အတွင်းရှိ ဂရင်ဂျိုင်ရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့် ၀ ဒသမ ၁ ပေအထိ လည်းကောင်း၊ ကျောက်တော်မြို့နယ် အတွင်းရှိ ရှောက်ချောင်း ရေလှောင်တမံတွင် ရေပိုလွှဲ မှ ၀ ဒသမ ၃ ပေအထိ လည်းကောင်း၊ မြေပုံ မြို့နယ်အတွင်းရှိ တမန်းဒူးရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့် ၀ ဒသမ ၁ ပေအထိရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
