၂၀၁၉ ခုနှစ် ဇူလိုင်လအထိ ခုနစ်လတာကာလအတွင်း မြန်မာနိုင်ငံတွင်းသို့ တရုတ်ခရီးသွားဝင်ရောက်မှုသည် ၂၀၁၈ ခုနှစ်ကာလတူ ဝင်ရောက်မှုထက်နှစ်ဆနီးပါး တိုးတက်ကြောင်းအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ယခုနှစ်ဇူလိုင်လအထိ တရုတ်ခရီးသွား ဝင်ရောက်မှုသည် ၃၈၅၉၄၂ ဦးရေရှိပြီး ၂၀၁၈ ခုနှစ် ကာလတူတွင် ၁၅၃၇၀၇ ဦးရေသာ ဝင်ရောက်ခဲ့ရာ နှိုင်းယှဉ်ချက်များအရ ၂၃၂၂၃၅ ဦးရေ တိုးတက်ဝင်ရောက်ကာ ၁၅၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။
“ဒီနှစ်မှာ ပြည်ပခရီးသွားဝင်ရောက်မှုက လေးသန်းကျော်သွားမယ်လို့မှန်းတယ်။ တရုတ်ခရီးသည်တွေ ဝင်ရောက်မှုက တော်တော်များတယ်။ လတ်တလောရနေတဲ့ သတင်းတွေအရ လာမယ့် ၂၀၂၀ မှာ တရုတ်နိုင်ငံသားချည်းပဲ ခရီးသည်ပေါင်း နှစ်သန်းလောက်ထိလာမယ်လို့ ပြောဆိုနေကြတာတွေရှိတယ်။ သူချည်းပဲ နှစ်သန်းလောက်လာ ရင် လေးသန်းခွဲ ငါးသန်းလောက်ဖြစ်သွားနိုင်တယ်။ တစ်ခုရှိတာက အနောက်တိုင်းနိုင်ငံတွေကလာတဲ့ ခရီးသည်တွေရဲ့ တိုးတက်မှုက ရှိတော့ရှိတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောကြားသည်။
၂၀၁၇ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်တွင်းပဋိပက္ခကြောင့် ၂၀၁၈ ခုနှစ်တွင် အနောက်နိုင်ငံ ခရီးသွားဦးရေ ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထိုအနောက်ခရီးသွားလျှော့ ကျမှုကိုမြင့်တင်ရန် အရှေ့မျှော်ဝါဒီအဖြစ် ခရီးသွားတိုးတက်အောင်လုပ်ဆောင်သည့် အနေဖြင့် ၂၀၁၈ အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်ထိ ဂျပန်၊ တောင်ကိုရီးယားခရီးသည်များ၊ တရုတ်နိုင်ငံ၏ ဟောင်ကောင်နှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်နှင့် တရုတ်နိုင်ငံသားများ အနက်လေကြောင်းဖြင့်လာရောက်သည့် ခရီးသည်များကို ဆိုက်ရောက်ဗီဇာဖြင့် မြန်မာနိုင်ငံတွင်းသို့ စမ်းသပ်ကာလအဖြစ် တစ်နှစ်ဝင်ရောက်ခွင့်ပြုပြီးနောက် တရုတ်ခရီးသွားဝင်ရောက်မှုတိုးလာခြင်း ဖြစ်သည်။
လက်ရှိတွင်ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံများအတွက် ဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာဖြင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပြုသည့် စမ်းသပ်ကာလဝင်ရောက်ခွင့်ပြုမှုကို တစ်နှစ်ထပ်မံတိုးကာ ၂၀၁၉ ခုနှစ် အောာက်တိုဘာ ၁ ရက်မှစတင်ကာ၂၀၂၀ ခုနှစ် စက်တင်ဘာ ၃၀ ထိဝင်ရောက်ခွင့်ပြုမည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သြဂုတ် ၁၆ ရက်က ထုတ်ပြန်ထားသည်။
အဆိုပါဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာအားတစ်နှစ် စမ်းသပ်ဝင်ရောက်ခွင့်ပြုမှုများမှာ အောင်မြင်သည့်အတွက် ဆက်လက်ဝင်ရောက်ခွင့်ပြုသည့် အနေအထားရှိကြောင်း၊ တရုတ်ခရီးသွားများကို ကြိုဆိုရမည်ဖြစ်ကြောင်း၊ ဇီးရိုးဘတ်ဂျက်မဖြစ်စေရန် ဥပဒေအရ ထိန်းကျောင်းဖို့လိုအပ်ကြောင်း၊ အခွန်များနိုင်ငံတော်အတွက် ပေးဆောင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်လိုအပ်ကြောင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောကြားသည်။
၂၀၁၉ ခုနှစ် ခုနစ်လအတွင်း အာရှခရီးသွားများ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်မှုများတွင် ဒုတိယအများဆုံးဝင်ရောက်မှုမှာ ကိုရီးယားခရီးသွားများဖြစ်ပြီး ၆၇၈၇၃ ဦးရေဝင် ရောက်ကာ ၂၀၁၈ ခုနှစ်တွင် ၃၇၇၉၄ ဦးရေသာ ဝင်ရောက်ခဲ့ပြီး ကာလတူနှိုင်းယှဉ်ချက်များအရ ၈၀ ရာခိုင်နှုန်းတိုးတက်ကြောင်း၊ အနောက်ဥရောပနိုင်ငံများတွင် အီတလီခရီးသွားများ ဝင်ရောက်မှုမှာ အများဆုံးဖြစ်ပြီး ၉၆၉၀ ဦးရေဝင်ရောက်ပြီး ယခင်နှစ်က ၇၉၆၂ ဦးရေ ဝင်ရောက်ကာ၂၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ အာဆီယံနိုင်ငံများမှ ခရီးသွားဝင်ရောက်မှုတွင် ထိုင်းနှင့် မလေးရှားခရီး သွားဝင်ရောက်မှုသည် လျော့နည်းသွားပြီး၊ အနောက်ဥရောပနိုင်ငံများတွင် ယူကေ၊ ဆွစ် ဇာလန်၊ ဘယ်လ်ဂျီယံ၊ နယူးဇီလန်၊ ပြင်သစ်၊ ခရီးသွားများဝင်ရောက်မှု လျော့နည်းသွားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၁၈ ခုနှစ်အတွင်း ပြည်ပခရီးသွား ဝင်ရောက်မှုသည် ဇန်နဝါရီမှဒီဇင်ဘာထိ ၃၅၅၁၄၂၈ ဦးရှိပြီး၂၀၂၀ ပြည့်နှစ်တွင် ပြည်ပ ခရီးသွားဝင်ရောက်မှု လေးသန်းခွဲကျော်ဝင် ရောက်ရန်မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
