Top News

သြဂုတ် ၁၉ ရက်အထိ H1N1 ပိုးတွေ့သူ ၅၅၂ ဦးတွင် သေဆုံးသူ ၉၉ ဦးအထိရှိလာပြီး ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်မှ လူနာတစ်ဦးစီ ထပ်မံသေဆုံး
24htopnews | October 22, 2024 2:12 PM CST

သြဂုတ် ၁၉ ရက်အထိ H1N1 သံသယ လူနာ ၁၃၂၇ ဦးအနက် ရောဂါပိုးတွေ့ရှိသူ ၅၅၂ ဦး၊ သေဆုံးသူ ၉၉ ဦးအထိရှိပြီး ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ လူနာတစ်ဦးစီ ထပ်မံသေဆုံး ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။

ဇန်နဝါရီမှ သြဂုတ် ၁၉ ရက်အထိ တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ (Influenza-like illness – ILI) ဖြစ်ပွားသူ ၃၈၀ ဦးအနက် A (H1N1) ဖြစ်ပွားသူ ၉၂ ဦး၊ A (H3N2) ဖြစ်ပွားသူ ၁၆ ဦး၊ Influenza B ဖြစ်ပွားသူ ၁၁ ဦးရှိကြောင်းနှင့် လတ်တလော ပြင်းထန်အဆုတ်ရောင်ရောဂါ (Servere Acute Respiratory Infection – SARI) ဖြစ်ပွားသူ ၉၄၉ ဦးအနက် A(H1N1) ဖြစ်ပွားသူ ၃၇၈ ဦး၊ A (H3N2) ဖြစ်ပွားသူ ၃၀ ဦး၊ Influenza B ဖြစ်ပွားသူ၂၆ ဦးရှိကြောင်း သိရသည်။

“သြဂုတ် ၁၉ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဓာတ်ခွဲစစ်ဆေးသူ ၁၃၂၇ ဦးရှိပြီး အတည်ပြုလူနာ ၅၅၂ ဦးရှိပါတယ်။ သေဆုံးသူစုစုပေါင်း ၉၉ ဦးအထိရှိပါတယ်။ လက်ရှိအထိ သေဆုံးသူဦးရေ ရန်ကုန်မှာ ၆၆ ဦး၊ ဧရာဝတီမှာ ၁၂ ဦး၊ ပဲခူးမှာ ရှစ်ဦး၊ မွန်နဲ့ စစ်ကိုင်းမှာ သုံးဦးစီ၊ မကွေးနဲ့ ရခိုင်မှာ နှစ်ဦးနဲ့ ကချင်၊ ရှမ်းတောင်၊ တနင်္သာရီမှာ တစ်ဦးစီနဲ့ စုစုပေါင်း ၉၉ ဦးရှိပါပြီ” ဟု ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရာသီ တုပ်ကွေးရောဂါ ဓာတ်ခွဲ အတည်ပြုဖြစ်ပွား၊ သေဆုံးသူဦးရေ စာရင်းအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၉ ရက်အထိ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရာသီတုပ် ကွေးရောဂါ ဓာတ်ခွဲအတည်ပြုဖြစ်ပွား၊ သေ ဆုံးသူဦးရေစာရင်းအရ ၂၀၁၉ ခုနှစ် ဇန်နဝါ ရီ ၁ ရက်မှ သြဂုတ် ၁၉ ရက်အထိ ရန်ကုန်တွင် ဓာတ်ခွဲစစ်ဆေးသူ  ၅၉၃ ဦးအနက် အတည် ပြုလူနာ ၂၅၇ ဦး၊ သေဆုံး ၆၆ ဦး၊ ဧရာဝတီ တွင် ဓာတ်ခွဲစစ်ဆေးသူ ၁၀၄ ဦးအနက် အ တည်ပြုလူနာ ၅၀ ဦး၊သေဆုံး ၁၂ ဦး၊ စစ်ကိုင်း တွင်ဓာတ်ခွဲစစ်ဆေးသူ ၂၂ ဦးအနက် အတည် ပြု လူနာ ၁၁ဦး၊ သေဆုံးသုံးဦး၊ မွန်တွင် ဓာတ် ခွဲစစ်ဆေးသူ ၂၀ ဦးအနက် အတည်ပြုလူနာ ၁၁ ဦး၊ သေဆုံး သုံးဦးရှိခဲ့ကြောင်း၊ ပဲခူးတွင် ဓာတ်ခွဲ စစ်ဆေးသူ ၈၆ ဦးအနက် အတည်ပြု လူနာ ၃၃ဦး၊ သေဆုံးသူ ရှစ်ဦး၊ နေပြည်တော် တွင်ဓာတ်ခွဲစစ်ဆေးသူ ၁၅၂ ဦးအနက် အ တည်ပြုလူနာ ၆၃ ဦး၊ မကွေးတွင် ဓာတ်ခွဲ စစ်ဆေးသူ ၄၂ ဦးအနက် အတည်ပြုလူနာ ၂၅ ဦး၊ သေဆုံးသူ နှစ်ဦး၊ မန္တလေးတွင် ဓာတ် ခွဲစစ်ဆေးသူ ၂၃ ဦးအနက်အတည်ပြုလူနာ ခုနစ်ဦး၊ ရခိုင်တွင်ဓာတ်ခွဲစစ်ဆေးသူ ၇၂ ဦး အနက် အတည်ပြုလူနာ ၃ဝဦး၊ သေဆုံး နှစ် ဦး၊ ရှမ်း(မြောက်)တွင် ဓာတ်ခွဲစစ်ဆေးသူ ၁၁ ဦးအနက် အတည်ပြုလူနာလေးဦး၊ ရှမ်း (တောင်)တွင် ဓာတ်ခွဲ စစ်ဆေးသူကိုးဦးအနက် အတည်ပြုလူနာခြောက်ဦး၊ သေဆုံးသူတစ်ဦး၊ ရှမ်း(အရှေ့)တွင် ဓာတ်ခွဲစစ်ဆေးသူတစ် ဦး အနက် အတည်ပြုလူနာမရှိ၊ တနင်္သာရီတွင် ဓာတ်ခွဲစစ်ဆေးသူ ရှစ်ဦးအနက် အတည်ပြု လူနာလေးဦး၊ သေဆုံးသူတစ်ဦး၊ ကချင်တွင် ဓာတ်ခွဲစစ်ဆေးသူ ၉၃ ဦးအနက် အတည်ပြု လူနာ ၃၁ ဦး၊ သေဆုံးတစ်ဦး၊ ချင်းတွင်ဓာတ် ခွဲစစ်ဆေးသူသုံးဦးနှင့် ကရင်တွင် ဓာတ်ခွဲစစ် ဆေးသူ ၇၉ ဦးအနက် အတည်ပြုလူနာ ၁၁ ဦးရှိကြောင်း သိရသည်။        

 


READ NEXT
Cancel OK