ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများ ရောင်းချရေး ကြီးကြပ်မှုကော်မတီသို့ အိမ်ခန်းဝယ်ယူခွင့် လျှောက်ထားသူ ၆၀၀၀ ကျော်အနက် ကျန်ရှိသည့် ၄၈၇၄ ဦးကို တတိယအသုတ်အဖြစ် ဆက်လက် ရောင်းချမည်ဖြစ်ပြီး အိမ်ရာရွေးချယ်ခြင်းနှင့် ဝယ်ယူမည့်စနစ်ကို သြဂုတ် ၂၀ ရက်မှစတင်ပြီး ဆန္ဒပြုနိုင်ကြောင်း အိမ်ရာစီမံကိန်းများ ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများ ရောင်းချရေး ကြီးကြပ်မှုကော်မတီသို့ အိမ်ခန်းဝယ်ယူခွင့် လျှောက်ထားသူ စုစုပေါင်း ၆၀၂၇ ဦးအနက် ပထမအသုတ်နှင့် ဒုတိယ အသုတ်တို့တွင် ၁၁၅၃ ဦးကို ဝယ်ယူခွင့် ဦးစားပေး တန်းစီဇယား အမှတ်စဉ်အလိုက် ကြေညာရောင်းချ ပေးခဲ့ပြီးဖြစ်သည်။
လက်ရှိအချိန်တွင် တတိယအသုတ်၌ ကျန်လျှောက်ထားသူများ အားလုံး ၄၈၇၄ ဦးကို ဝယ်ယူခွင့် ဦးစားပေး တန်းစီဇယား အမှတ်စဉ်အလိုက် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တတိယအသုတ် ရောင်းချမည့် အိမ်ခန်းများစာရင်းနှင့် ဝယ်ယူခွင့် ရရှိသူများအားလုံး ၄၈၇၄ ဦးစာရင်းကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရန်ကုန်ရှိ ခရိုင်ရုံး လေးရုံးကို ၂၀၁၉ ခုနှစ် သြဂုတ် ၂၀ ရက်မှ စက်တင်ဘာ ၁၉ ရက်အထိ ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။
ဝယ်ယူခွင့် ရရှိသူများသည် အိမ်ရာရွေးချယ် ဆန္ဒပြုခြင်းနှင့် ဝယ်ယူမည့်စနစ် (အကျေသွင်း/ဘဏ်ချေး) ဆန္ဒပြုခြင်းများကို သြဂုတ် ၂၀ ရက်မှစတင်၍ စက်တင်ဘာ ၁၉ ရက် နောက်ဆုံးထားပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၊ မြေညီထပ်ရှိ Yangon City Gallery သို့ ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်သည်။
သတ်မှတ်ရက်အတွင်း လာရောက်ဆက်သွယ် ဆန္ဒပြုသူများအနက်မှ ဝယ်ယူခွင့် ဦးစားပေး တန်းစီဇယား အမှတ်စဉ်အတိုင်းသာ ကြေညာထားသော အိမ်ခန်းများကို ရောင်းချပေးမည်ဖြစ်သည်။ အိမ်ခန်းများ မဲနှိုက်ချထားသည့် အခမ်းအနားကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ စက်တင်ဘာလကုန်တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။
အိမ်ခန်းနေရာ မဲနှိုက်ပြီးသူများသည် အောက်တိုဘာ ၇ ရက်မှ ၃၁ ရက်နောက်ဆုံးထားပြီး အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ (ရန်ကုန်) နှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးဘဏ် (CHID Bank) တို့နှင့် ဆက်သွယ်ဆောင်ရွက်ကြရန် ဖြစ်သည်။
သတ်မှတ်ကာလအတွင်း ဆက်သွယ်ဆောင်ရွက်ခြင်း မရှိပါက ဝယ်ယူခွင့် အလိုအလျောက် ပျက်ပြယ်ကြောင်း အိမ်ရာစီမံကိန်းများ ရောင်းချရေးကြီးကြပ်မှု ကော်မတီက ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာအမှန်တကယ် လိုအပ်လျက်ရှိသည့် ပြည်သူများအား ရောင်းချပေးနိုင်ရန်အတွက် အိမ်ခန်းဝယ်ယူခွင့် လျှောက်လွှာများကို ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးများတွင် ရောင်းချပေးခဲ့ရာ လျှောက်လွှာပေါင်း ၆၀၂၇ စောင် လျှောက်ထားခဲ့ကြသည်။
အိမ်ခန်းလျှောက်ထားသူများအား ပထမအသုတ်အဖြစ် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချပေးရန် ပေးအပ်ထားသော တန်ဖိုးနည်း/တန်ဖိုးသင့် အိမ်ခန်း ၈၆၄ ခန်းကို ဝယ်ယူခွင့်အုပ်စု လေးစုကို သတ်မှတ် အချိုးအစားအလိုက် ခွဲဝေရောင်းချ ပေးခဲ့ကြောင်း သိရသည်။
“ပထမအသုတ်အနေနဲ့ အခန်းပေါင်း ၄၂၄ ခန်းကို ရောင်းချပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေ့မှာ ဒုတိယအသုတ်အဖြစ် တန်ဖိုးနည်း တန်ဖိုးသင့်အိမ်ခန်း ၃၂၅ ခန်းကို ဝယ်ယူခွင့် အုပ်စုလေးစုနဲ့ သတ်မှတ်အချိုးအစားအလိုက် ခွဲဝေမဲနှိုက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောကြားသည်။
အိမ်ခန်းများကို အကျေသွင်းစနစ်၊ ဘဏ်ချေးငွေစနစ်တို့ဖြင့် နှစ်သက်ရာ ဝယ်ယူနိုင်ကြောင်း၊ အိမ်ရာချေးငွေကို တန်ဖိုးနည်းအတွက် ကနဦး ပေးသွင်းငွေ ရာခိုင်နှုန်း ၂၀၊ တန်ဖိုးသင့်အတွက် ကနဦး ပေးသွင်းငွေ ရာခိုင်နှုန်း ၃၀ ပေးသွင်း၍ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း ချေးငွေကာလ အများဆုံး ၁၅ နှစ်ဖြင့် ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်၍ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
