Top News

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရွှေပြည်သာတစ်မြို့လုံးနီးပါး ရေမြုပ်နေ
24htopnews | October 22, 2024 2:13 PM CST

ရန်ကုန်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရွှေပြည်သာတစ်မြို့လုံးနီးပါး ရေနစ်မြုပ်မှုဖြစ်ပေါ်နေကြောင်း ‌ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အောက်တိုဘာ ၂၀ ရက် ညပိုင်းမှစတင်ကာ မိုးရွာသွန်းခဲ့ပြီး ယနေ့နံနက်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့‌ခြင်းကြောင့် ရွှေပြည်သာမြို့နယ်အပါအဝင် ရန်ကုန်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေနစ်မြုပ်နေကြောင်း သိရသည်။

” တစ်မြို့လုံးနီးပါးမြုပ်နေတာပေါ့။ ရေဘေးရှောင်ရတဲ့ အနေအထားထိတော့မရောက်သေးဘူး။ ဟိုဘက် လှော်ကားတို့ဆိုရင်တော့ ရှောင်ရင်ရှောင်ရမှာပေါ့။ တချို့ရပ်ကွက်တွေဆိုရင် တစ်ပေ၊ တစ်ပေခွဲအထိမြုပ်တယ်” ဟု ရွှေပြည်သာတွင် နေထိုင်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရွှေပြည်သာ၊မြောက်ဒဂုံ၊လှိုင်သာယာမြို့နယ်၊တောင်ဥက္ကလာမြို့နယ်၊မြောက်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊အင်းစိန်မြို့နယ် အပါအဝင်မြို့နယ်အချို့၏ အနိမ့်ပိုင်းနေရာများ၏ နေအိမ်အတွင်းရေဝင်ရောက်မှုတွေဖြစ်ပေါ်နေကြောင်း သိရသည်။

ယင်းတွင် ရွှေပြည်သာ၌ အောက်တိုဘာလ (၂၁) ရက်တွင် လေပြင်းတိုက်ခတ်ခြင်း၊ နေအိမ်အမိုးလန်၍ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK