အာဆီယံဒေသတွင်း လိဂ်ဘောလုံးပြိုင်ပွဲများအနက် မြန်မာနေရှင်နယ်လိဂ်သည် အဆင့်(၈)နေရာတွင် ရပ်တည်နေကြောင်း အာဆီယံလိဂ် တန်ဖိုးတွက်ချက်မှုတွင် ဖော်ပြထားသည်။
မြန်မာနေရှင်နယ်လိဂ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကစားနေသည့် အသင်း(၁၂) သင်းရှိကာ၊ယခုနှစ် အောက်တိုဘာ (၂၀) ရက်အထိ မြန်မာနေရှင်နယ်လိဂ်၏ တန်ဖိုးသည် ယူရို ၄ ဒဿမ ၆၈ သန်းရှိသည်ဟု တွက်ချက်မှုတွင် ဖော်ပြထားသည်။
အဆိုပါ လိဂ်တန်ဖိုးတွက်ချက်မှုတွင် ပြိုင်ပွဲစပွန်ဆာ၊ ရုပ်သံထုတ်လွှင့်မှု၊ ကွင်းအတွင်းပရိသတ်ဝင်ရောက်ကြည့်ရှုမှုနှုန်းများကို အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်ပြီး၊ အာဆီယံဒေသတွင်းအမြင့်ဆုံးလိဂ်အဖြစ် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်လိဂ်တို့မှာ အဆင့်(၁) မှ အဆင့်(၇)အထိ အစဉ်လိုက်ရပ်တည်နေသည်ကို တွေ့ရသည်။
လိဂ်တန်ဖိုးတွက်ချက်မှုအရ လာအိုလိဂ်သည် အဆင့်(၉) တွင် နောက်ဆုံးရပ်တည်နေကာ အသင်းပေါင်း (၈)သင်းယှဉ်ပြိုင်ကစားနေပြီး ၎င်း၏ လိဂ်တန်ဖိုးမှာ၂ ဒဿမ ၄၈ သန်းသာ ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
