ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဘီးပေါက်၍ရပ်ထားသည့် FUSO ကားကို SOJEN ကားကနောက်မှဝင်တိုက်မိခဲ့မှု ယနေ့ အောက်တိုဘာ ၂၂ ရက်နံနက် ၅ နာရီခွဲကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အမြန်လမ်းမကြီး၏ ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၂၄၃/၅ နှင့် ၂၄၃/၆ ကြားတွင် ကားမောင်းသူအပါအဝင် အမျိုးသား၊အမျိုးသမီး(၁၄)ဦးလိုက်ပါလာသည့် SOJEN ကားက ဘီးပေါက်၍ရပ်ထားသော FUSO ကား၏နောက်ပိုင်းကို ဝင်တိုက်မိခဲ့သဖြင့် ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ဘုရားတောင်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသည်။
ဖြစ်စဉ်ကြောင့် SOJEN ကားပေါ်မှ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား(၅)ဦးနှင့်အမျိုးသမီး(၇)ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)များရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ေ-သဆုံးသူများ၏ရုပ်အလေ-ာင်းများနှင့်ထိခိုက်ဒဏ်ရာရသူများအား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းမှ နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ဖြစ်စဉ်တွင် FUSO ကားပေါ်မှ အမျိုးသား(၄)ဦး၌ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
