ဂျကာတာ၊အောက်တိုဘာ ၂၁
အင်ဒိုနီးရှားနိုင်ငံသမ္မတသစ် ပရာဘိုဝိုသည် Gerindra ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဆူဂျီယိုနိုကို လက်ရှိနိုင်ငံခြားရေးဝန်ကြီး ရတ်ထ်မိုမာဆူဒီ၏နေရာတွင် အစားထိုးခန့်အပ်ခဲ့ကြောင်းသိရသည်။
တနင်္ဂနွေနေ့ညနေပိုင်းက ဂျကာတာမြို့ရှိ မာဒေးကားနန်းတော်၌ ကျင်းပပြုလုပ်သည့် အစိုးရသစ် ဝန်ကြီးများ၊ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများကို မိတ်ဆက်ပွဲ၌ ပရာဘိုဝိုကကြေငြာချက်ထုတ်ပြန်ခဲ့သည်။
Gelora ပါတီမှနိုင်ငံရေးသမားတစ်ဦးဖြစ်သည့် Anis Matta၊ကုလသမဂ္ဂဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Arrmanatha Nasir နှင့် ဂျာမနီနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး Arif Havas Oegroseno တို့ကလည်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သမ္မတကဆက်လက်ကြေငြာခဲ့သည်။
၎င်းတို့သုံးဦးသည် နိုင်ငံတော်၏ သံခင်းတမန်ခင်းရေးရာကိစ္စများကို ဦးစီးဆောင်ရွက်မည့် မစ္စတာဆူဂျီယိုနိုကို ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်းလည်း သမ္မတကပြောကြားခဲ့သည်။
မစွစတာဆူဂျီယိုနိုကလည်း အစိုးရသစ်လက်ထက်တွင် Gerindra ပါတီ၏ဥက္ကဌလည်းဖြစ်သည့် သမ္မတပရာဘိုဝိုကို ကူညီရန် အဆင်သင့်ရှိကြောင်း ယခင်ကပြောကြားခဲ့ဖူးသည်။
ထို့ပြင် “ကျွန်တော်က စစ်သားတစ်ယောက်ပါ၊ဘာတာဝန်ပဲပေးပေး၊ဘာပဲလုပ်လုပ် တတ်နိုင်သမျှ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ထမ်းဆောင်သွားမှာပါ” ဟုလည်း ဆူဂျီယိုနိုကပြောကြားခဲ့သည်။
သမ္မတပရာဘိုဝို၏ အစိုးရ အဖွဲ့တွင်အစိုးရဝန်ကြီးဌာနများနှင့်ဌာန ၅၃ ခုပါဝင်ပြီး အစိုးရသစ်၏ဝန်ကြီးများ၊ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများသည် အောက်တိုဘာလ ၂၁ ရက်နေ့တွင်ကျမ်းသစ္စာကျိန်ဆိုမည်ဟုသိရသည်။
Source : အန်တာရာနူးစ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
