ဖူးခက်၊အောက်တိုဘာ ၂၁
ထိုင်းနိုင်ငံ၌ အန်ဒမန်ကမ်းရိုးတန်းတစ်လျှောက်ကီလိုမီတာ ၆၀၀ ကျော်ရှည်သည့် လမ်းသစ်များကိုဖောက်လုပ်မည့် ဘတ် ၅၀ ဘီလျံတန် အန်ဒါမန်ရီဗီယေးရား စီမံကိန်း၏ နောက်ဆုံးအစီရင်ခံစာကို ဖေဖော်ဝါရီလ၌ အပြီးသတ်တင်သွင်းမည်ဟု ပို့ဆောင်ရေးနှင့်ယာဉ်မူဝါဒနှင့်စီမံကိန်းရုံးကပြောကြားခဲ့သည်။
အစိုးရအဖွဲ့က အဆိုပါအစီရင်ခံစာကို ထောက်ခံအတည်ပြုပြီး သုံးနှစ်မှလေးနှစ်ခန့်တွင် ၎င်းစီမံကိန်းကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖူးခက်မြို့ရှိ သယ်ယူပို့ဆောင်ရေးနှင့် ယာဉ်ကြောစနစ်ဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲညွှန်ကြားရေးမှူး Chaiwat Sangkhaphak ကပြောကြားခဲ့သည်။
ယခုလမ်းကွန်ရက်သည် အန်ဒမန်ကမ်းရိုးတန်းတစ်လျှောက်ရှိ ပြည်နယ်ခြောက်ခုဖြစ်သည့် ရနောင်း၊ ဖန်းဂါ၊ဖူးခက်၊ခရာဘီ၊ထရန်နှင့် စတွန်စသည့်ပြည်နယ်တို့ကို ဆက်သွယ်ချိတ်ဆက်ပေးမည်ဖြစ်သည်။
လမ်းသစ်များကို လက်ရှိလမ်းများနှင့်ချိတ်ဆက်ဖောက်လုပ်သွားမည်ဖြစ်ပြီး လမ်းဖောက်ရာ၌ အချို့နေရာများတွင် အမျိုးသားဥယျာဉ်နှင့်ကမ်းရိုးတန်းနယ်မြေများကို ဖြတ်သွားနိုင်ချေရှိသဖြင့် ပတ်ဝန်းကျင်ထိခိုက်နိုင်ချေကိုလည်း ထပ်မံအကဲဖြတ် ဆန်းစစ်သွားမည်ဟုသိရသည်။
“ဒီစီမံချက်ကနေ ဒေသတွင်းကို နိုင်ငံတကာခရီးသွားတွေပိုလာနိုင်ဖို့မျှော်လင့်ထားပြီး ပိုမိုကောင်းမွန်တဲ့ ကားလမ်းကွန်ရက်တွေကြောင့်လည်း သယ်ယူပို့ဆောင်ရေးနဲ့ဆက်သွယ်မှု ပိုကောင်းမွန်လာမှာပါ” ဟု လည်းပြောကြားခဲ့သည်။
“ဒါကြောင့် ဒီလမ်းကွန်ရက်သစ်ကတစ်ဆင့် နိုင်ငံရဲ့ အစိတ်အပိုင်းဒေသတွေဆီ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုရရှိလာဖို့မျှော်လင့်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
Source : ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
