စင်္ကာပူ၊အောက်တိုဘာ ၂၁
ကမ္ဘောဒီးယားက အိမ်နီးချင်း လာအို၊ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ သန့်ရှင်းသောဓာတ်အား မဂ္ဂါဝပ် (၆၀၀) ကျော်တင်သွင်းရန် စီစဉ်နေကြောင်း စွမ်းအင်ဝန်ကြီးကပြောကြားခဲ့ပြီး စာချုပ်ပါပမာဏထက် ၅၀ ရာခိုင်နှုန်း တိုးမြှင့်တင်သွင်းမည်ဖြစ်သည်ဟုသိရသည်။
ဖနွမ်းပင်သည် လာအိုမှ နေရောင်ခြည်စွမ်းအင်နှင့်ရေအားလျှပ်စစ်ဓာတ်အား ၃၀၀ မဂ္ဂါဝပ်ကို ၂၀၂၆ ခုနှစ်တွင် စတင် တင်သွင်းမည်ဖြစ်သည်။
ထို့ပြင် လက်ရှိ ဗီယက်နမ်မှတင်သွင်းနေသည့် ဓာတ်အား ၃၀၀ မဂ္ဂါဝပ်ကို နှစ်ဆတိုးမြှင့်မှု တင်သွင်းရန်သဘောတူ ခွင့်ပြုချက်ရလုနီးပါးဖြစ်ကာ ထိုင်းနိုင်ငံမှလည်း နောက်ထပ် ၁၀၀ မဂ္ဂါဝပ်ကိုတင်သွင်းနိုင်ချေရှိသည်ဟုလည်းသိရသည်။
အမေရိကမှ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုစီမံခန့်ခွဲရေးအဖွဲ့၏အဆိုအရ ကမ္ဘောဒီးယားသည် လက်ရှိတွင် ထိုင်း၊ဗီယက်နမ်နှင့် လာအိုတို့မှ ဓာတ်အား ၁,၀၃၀ မဂ္ဂါဝပ်ကိုတင်သွင်းလျက်ပြီး အဆိုပါပမာဏသည် နိုင်ငံတွင်း ဓာတ်အားဖြန့်ဖြူးမှုစုစုပေါင်းပမာဏ၏ လေးပုံတစ်ပုံခန့်ရှိသည်ဟုဆိုသည်။
ထို့ပြင် ဗီယက်နမ်မှ နောက်ထပ် မဂ္ဂါဝပ် ၂၀၀ နှင့် ထိုင်းနိုင်ငံမှ မီဂါဝပ် ၁၀၀ ကျော် ရရှိနိုင်ရန် မျှော်လင့်သည်ဟုလည်း ကမ္ဘောဒီးယားစွမ်းအင်ဝန်ကြီး Rottanak ကပြောကြားခဲ့သည်။
Source : ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
