အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ၎င်းတို့၏ အငြင်းပွား နယ်စပ်တလျှောက် ကင်းလှည့်စောင့်ကြပ်ရေး သဘောတူညီချက်ကိုရရှိခဲ့သဖြင့် လေးနှစ်ကြာ စစ်ရေးတင်းမာနေမှုကို အဆုံးသတ်နိုင်တော့မည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့တွင် ပြောဆိုခဲ့ပြီး အာရှ အင်အားကြီးနှစ်နိုင်ငံအကြား နိုင်ငံရေးနှင့် စီးပွားရေးဆက်ဆံမှု ပိုမိုကောင်းမွန်လာစေရန် လမ်းခင်းပေးခဲ့သည်။
အောက်တိုဘာ ၂၂ ရက်တွင် ရုရှားနိုင်ငံ၌ ပြုလုပ်မည့် ဒေသဆိုင်ရာ အဖွဲ့အစည်း BRICS ထိပ်သီးအစည်းအဝေးသို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ မသွားရောက်မီ တစ်ရက်အလိုတွင် ယခုသတင်းထွက်လာခြင်းဖြစ်ပြီး မိုဒီသည် အစည်းအဝေးခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဆွေးနွေးမှုများလုပ်သွားနိုင်သည်ဟု အိန္ဒိယတာဝန်ရှိသူများက ပြောဆိုသည်။
၂၀၂၀ ပြည့်နှစ်က နယ်နိမိတ်မျဉ်းမရှိသော အနောက်ဟိမဝန္တာနယ်စပ်ဒေသတွင် နှစ်ဖက်တပ်များအကြား တိုက်ခိုက်မှုများဖြစ်ခဲ့ခြင်းကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဦးနှင့် တရုတ်စစ်သား လေးဦး သေဆုံးခဲ့သည်။ ထိုအချိန်မှစကာ နျူကလီးယားလက်နက်ပိုင်နိုင်ငံများဖြစ်သော ကမ္ဘာ့လူဦးရေအများဆုံး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် တင်းမာခဲ့သည်။
ယင်းဖြစ်စဉ်နောက်ပိုင်းတွင် ထိပ်တိုက်တွေ့မှုများ ထပ်ဖြစ်မလာစေရန် Ladakh ဒေသရှိ နယ်စပ်တလျှောက် နေရာအတော်များများ၌ ကင်းလှည့်ခြင်းများကို နှစ်ဖက်စလုံးက ရပ်ဆိုင်းခဲ့သော်လည်း ရေခဲကုန်းမြင့်ဒေသများအနီးသို့ သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များနှင့် စစ်ပစ္စည်းများ ထပ်တိုးချခဲ့ကြသည်။
ကင်းလှည့်ခြင်းဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို မိမိတို့ ရရှိခဲ့ပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်က အခြေအနေများသို့ ပြန်ရောက်ခဲ့ပြီဟု ပြောနိုင်ကြောင်းနှင့် တရုတ်နှင့် တပ်ရုပ်သိမ်းရေးလုပ်ငန်းစဉ် ပြီးမြောက်ခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျေးရှန်ကာက NDTV သတင်းဌာနကို ပြောဆိုခဲ့သည်။
နှစ်ဖက်တပ်များ ထိတွေ့တိုက်ခိုက်မှု မဖြစ်စေရေးအတွက် သဘောတူညီမှု အချိန်ဇယားတစ်ရပ်အရ နယ်စပ်တလျှောက်ကင်းလှည့်မှု လုပ်ကြရမည်ဖြစ်သည်ဟု သဘောတူညီချက်အသေးစိတ်ကို သိထားသည့် အိန္ဒိယစစ်တပ် အကြီးတန်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့သည်။
Ladakh ဧရိယာတွင် နှစ်ဖက်စလုံး စောင့်ကြည့်သွားမည်ဖြစ်သည်ဟု အဆိုပါအရာရှိက ပြောဆိုခဲ့သည်။ Ref: သည်စထရိတ်တိုင်းမ်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
