အမေရိကန် ကာကွယ်ရေးဝန်ကြီး ယူကရိန်းသွား
24htopnews | October 22, 2024 2:13 PM CST
ကိဗ်၊အောက်တိုဘာ ၂၁
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် အောက်တိုဘာလ ၂၁ ရက် တနင်္လာနေ့က ယူကရိန်းသို့ ရောက်ရှိခဲ့ကြောင်း အင်တာဖက်စ်-ယူကရိန်းသတင်းဌာနက ပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း မစ္စတာအော်စတင်သည် ယူကရိန်းသမ္မတ ဇလန်းစကီးအပါအဝင် ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတန်အူမဲရိုတို့နှင့်ပါ တွေ့ဆုံရန်စီစဉ်ထားကြောင်းသိရသည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် လာမည့်နှစ်၌ ယူကရိန်းအတွက် အမေရိက၏ စစ်ရေးပံ့ပိုးကူညီမှုအကြောင်းအရာနှင့်ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်သည်ဟုဆိုထားသည်။
မစ္စတာအော်စတင်၏ ယခုခရီးစဉ်သည် အမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ် ယူကရိန်းသို့ စတုတ္ထအကြိမ်မြောက် လာရောက်ခြင်းဖြစ်သည်။
Source : ရှင်းဟွာ
Photo credit : SCMP
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
