Top News

ပေါင်ဒဏ်ရာကြောင့် စပါးကွင်းလယ်လူ ဆယ်လ်ဆို (၂) လခန့် အနားယူရမည်
24htopnews | October 22, 2024 3:12 PM CST

စပါးအသင်းကွင်းလယ်လူ ဆယ်လ်ဆိုသည် ပေါင်ဒဏ်ရာကြောင့် (၂) လခန့် အနားယူရမည်ဖြစ်ကြောင်း စပါးအသင်းက ထုတ်ပြန်ခဲ့သည်။ 

စပါးအသင်းကွင်းလယ်လူ ဆယ်လ်ဆိုသည် ပေါင်ဒဏ်ရာကြောင့် (၂) လခန့် အနားယူရမည်ဖြစ်ကြောင်း စပါးအသင်းက ထုတ်ပြန်ခဲ့သည်။ 

အာဂျင်တီးနားကွင်းလယ်လူ ဆယ်လ်ဆိုသည် ပြီးခဲ့သည့်သောကြာနေ့က ကစားခဲ့သည့် ခြေစမ်းပွဲ အာဂျင်တီးနား (၀-၀) ချီလီပွဲတွင် ပါဝင်ကစားခဲ့ပြီး ပေါင်ဒဏ်ရာရရှိခဲ့သဖြင့် အသင်းလူစာရင်းမှနုတ်ထွက်ကာ စပါးအသင်းသို့ ပြန်လာခဲ့ကြောင်း သိရသည်။

စပါးအသင်းသည် ဆယ်လ်ဆို၏ ဒဏ်ရာကို စစ်ဆေးမှုများပြုလုပ်ပြီးနောက် ဆယ်လ်ဆိုအနေဖြင့် အောက်တိုဘာလကုန်ပိုင်းတွင် အသင်းနှင့်လေ့ကျင့်မှုများပြုလုပ်နိုင်မည် မျှော်လင့်ကြောင်း ထုတ်ပြန်ခဲ့သည်။

စပါးအသင်း၏ ထုတ်ပြန်ချက်တွင် "ဆယ်လ်ဆိုသည် ပေါင်ဒဏ်ရာကြောင့် အာဂျင်တီးနားအသင်းလူစာရင်းမှနုတ်ထွက်ကာ စပါးအသင်းသို့ ပြန်လာခဲ့ကြောင်း၊ ဆယ်လ်ဆိုသည် ယင်းဒဏ်ရာကို ချီလီနှင့် ကစားခဲ့သည့် ခြေစမ်းပွဲတွင် ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆယ်လ်ဆိုအနေဖြင့် ပေါင်ဒဏ်ရာကြောင့် အောက်တိုဘာလကုန်ပိုင်းတွင်သာ အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ရန် မျှော်လင့်ကြောင်း"ပါရှိသည်။

စပါးအသင်းသည် အသက် (၂၃) နှစ်အရွယ်ရှိ ဆယ်လ်ဆိုကို ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့တွင် ဘက်တစ်အသင်းမှ (၁) ရာသီအငှားဖြင့် ခေါ်ယူခဲ့ပြီး အပြီးသတ်ခေါ်ယူခွင့်ဆိုသည်ဆိုသောအချက်ပါ ပါဝင်ကြောင်း သိရသည်။ 

ဆယ်လ်ဆိုသည် ယခုရာသီတွင် စပါးအသင်းအတွက် ပွဲထွက်ကစားခွင့်မရသေးဘဲ ပရီးမီးယားလိဂ်ပွဲစဉ် (၃) ပွဲတွင် အရန်အဖြစ်သာ ပါဝင်ကစားခွင့်ရထားသည်။

 


READ NEXT
Cancel OK