တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင်တို့တွင် ရေကြီးရေလျှံခြင်းနှင့်မြေပြိုမှုများကြောင့် လမ်းနှင့်တံတားပျက်စီးဆုံးရှုံးမှုမှာ လမ်းဦးစီးဌာနတစ်ခုတည်းပင် ကျပ်၁၇၉၂ သန်းကျော်ရှိခဲ့ပြီး ယင်းအတွက် ပြန်လည်ဆောင်ရွက်ရန် ကျပ် ၁၂ ဘီလျံခန့် ကုန်ကျနိုင်သည်ဟု သိရ သည်။
ပြီးခဲ့သည့် သြဂုတ်လအစောပိုင်းမှစ၍ လလယ်ပိုင်းအထိ မိုးအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများတိုင်းဒေသကြီးအနှံ့တွင် ဆိုးရွားစွာဖြစ်ပေါ်ခဲ့ပြီး ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် အဆိုးရွားဆုံးဖြစ်ပွားခဲ့ကာ လမ်းပိုင်းပြတ်ကျမှုများ၊ ပျက်စီးမှုများနှင့် တံတားကျိုးကျမှုများ ရှိခဲ့သဖြင့် အဆက်အသွယ်ပြတ်တောက်မှုများရှိခဲ့ကြောင်း၊ ရန်ကုန်-ထားဝယ်ပြည်ထောင်စုလမ်းမပေါ်ရှိ မလွှဲတောင်ကြော လမ်းပိုင်း၌ တောင်ပြိုမှုကြောင့် လမ်းပိုင်းပျက်စီးမှု ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသနှင့် ပြည်မအကြား အချိန်တစ်ပတ်ခန့် ကုန်းလမ်းအဆက်အသွယ် ပြတ်တောက်ခဲ့ရသည်။
“ကျွန်တော်တို့တိုင်းထဲမှာရှိတဲ့ လမ်းဦး စီးပိုင်လမ်းနဲ့ ကျေးလက်လမ်းပိုင်းကိုတော့ တတ်နိုင်သလောက်အချိန်နဲ့ တစ်ပြေးညီပြုပြင် ဆောင်ရွက်ပေးထားပြီး ဖြစ်ပါတယ်။ သို့သော်လည်း န.တ.လ လမ်းပိုင်းတွေဖြစ်တဲ့ ကျွန်တော်တို့ဌာနအနေနဲ့လည်း အားနည်းတဲ့အတွက် ရေကြီးမှုပြန်ကျမှပဲ သက်ဆိုင်ရာ ကုမ္ပဏီတွေကို ညှိနှိုင်းဆောင်ရွက်ပြီးတော့ ပြုပြင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်လမ်းတံတား အနေနဲ့ တစ်တိုင်းလုံးချုပ်အနေနဲ့ လမ်းဦးစီး ဌာနပိုင်လမ်းပျက်စီးသွားတဲ့ ခန့်မှန်းတန်ဖိုး ကျပ် ၁၇၉၂ ဒသမ ၂၇၀ သန်း ပျက်စီးဆုံးရှုံး ခဲ့ပါတယ်။ကျေးလက်တို့ န.တ.လ တို့ မပါသေးဘူးပေါ့။ နောက်တစ်ခုက လက်ရှိယာယီပြန်ပြင်မယ်ဆိုရင် ၁၂၃၅ သန်း ခန့်မှန်းကုန်ကျမှာ ဖြစ်ပါတယ်။ လုံးဝအကောင်းပ ကတိလက်ရှိမလွှဲတောင်လမ်းပိုင်းမှာလို ပြိုတာတွေရှိတယ်။ ကျဉ်းတဲ့နေရာတွေသေချာ ပြန်လုပ်မယ်ဆိုရင် ၁၂ ဘီလျံလောက်တစ်တိုင်းလုံးအခြေအနေအထိ မှန်းထားတယ်”ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။
ယင်းသို ့လမ်းပိုင်းနှင့်တံတားပျက်စီးမှုများမှာ ခရိုင်သုံးခုစလုံး၌ လမ်းပိုင်းပျက်စီးမှု တန်ဖိုးကျပ်သန်း ၁၆၁၀ ဒသမ ရရဝနှင့်တံ တားပျက်စီးမှု ၁၈၁ ဒသမ ၅၀၀ သန်း စုစုပေါင်း ၁၇၉၂ ဒသမ ၂ရဝသန်းရှိပြီး ယင်းအတွက် ယာယီလုပ်ငန်းဆောင်ရွက်ရန် ခန့်မှန်းတန်ဖိုးကျပ် ၁၂၃၅ သန်းရှိကာ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းအတွက် ကျပ် ၁၂၄၄၇ ဒသမ ၆၅၀ သန်းရှိကြောင်း သိရသည်။ သို့သော် ၎င်းစာရင်းမှာ လမ်းဦးစီးဌာ နမှလုပ်ဆောင်နေသည့် လမ်းနှင့်တံတားများ၏ ပျက်စီးမှုနှင့်ပြန်လည်လုပ်ဆောင်မည့် တန်ဖိုးခန့်မှန်းတွက်ချက်မှုသာဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (န.တ.လ) တို့မှ လုပ်ဆောင်ထားသည့် လမ်းနှင့်တံတားပျက်စီးမှု များမပါဝင်သေးကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများကြောင့် လမ်းနှင့် တံတားပျက်စီးမှုများမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး ဌာနကလုပ်ဆောင်ထားသည့် လမ်းနှင့်တံ တားတန်ဖိုး စုစုပေါင်းကျပ် ၇၀ ဒသမ ၅၄ သန်း ပျက်စီးခဲ့ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (န.တ.လ)မှ လုပ်ဆောင်ထားသည့် လမ်းနှင့် တံတားတန်ဖိုးကျပ် ၆၂၆ ဒသမ ၆၉၄သန်း ခန့်ပျက်စီးဆုံးရှုံးခဲ့သဖြင့် လမ်းဦးစီးဌာန၏ ပျက်စီးမှုတန်ဖိုးကိုပါ ထည့်သွင်းတွက်ချက်ပါက စုစုပေါင်းလမ်းနှင့် တံတားဆုံးရှုံးမှုတန်ဖိုး ကျပ်၂၄၈၉ ဒသမ ၅၀၄ သန်း အထိရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းပေါ်ရှိ မလွှဲတောင်ကြောပေါ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်နံရံများပြိုကျမှုဖြစ်ပွားခဲ့ပြီး သြဂုတ် ၁၀ ရက်နေ့၌ တနင်္သာရီတိုင်းဘက်ခြမ်းရှိ မိုင်တိုင်အမှတ် ၈၀ အနီးတွင် ပေ ၁၀၀ ခန့်ရှိ လမ်းပိုင်းပြတ်ကျမှု ဖြစ်ပွားခဲ့သောကြောင့် မြန်မာပြည်တောင်ပိုင်းမှ အထက်ပိုင်းသို့ ကုန်းကြောင်းအဆက်အသွယ် ပြတ်တောက်ခဲ့သည့်နေရာ၌ ယာယီဘေလီတံတားထိုးခြင်းမှာ သြဂုတ် ၁၆ ရက်မွန်းလွဲ ၃ နာရီခွဲတွင် တည်ဆောက်မှုပြီးစီးခဲ့၍ ယာဉ်များကိုစတင် ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း ၊ ယာယီဘေလီတံတားမှာ ၂၄ တန်သာခံနိုင်ဝန်ရှိသဖြင့် ကုန်ကားများအား ၂၄ တန်အထိဖြတ်သန်းခွင့် ပြုပေးသွားမည်ဖြစ်ပြီး တန်ချိန်မှန်မမှန်ကို ကတ္တားဂိတ်များ၌ချိန်တွယ်ခဲ့သည့် ဖြတ်ပိုင်းကိုစစ်ဆေးပြီးမှသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင်တောင်ပြိုကျမှုကြောင့် လမ်းပိုင်းဆိုးရွားစွာ ပျက်စီးခဲ့သည့် အဆိုပါမလွှဲတောင် လမ်းပိုင်း၌ လမ်းသားပဲ့ကျခြင်း၊ ပြတ်တောက်ခြင်း၊ မြေထိန်းနံရံများ ပြိုကျခြင်းများရှိခဲ့သဖြင့် ယင်းအတွက် ပြန်လည်ပြင်ဆင်သွားရန်ကျပ် သုံးဘီလျံခန့် ထပ်မံကုန်ကျနိုင်ကြောင်းနှင့် လာမည့်ပွင့်လင်းရာသီတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဦးအောင်သူရက ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်၊ မြိတ်နှင့်ကော့သောင်းခရိုင်များ၌ ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ ့မှ ၈ ရက်နေ့အထိ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းနှင့် လေဘေးစသော သဘာဝဘေးသင့်ခဲ့သည့် ဒေသခံများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပ့ံမှုအနေဖြင့် သေဆုံးသူတစ်ဦးလျှင်ကျပ် သုံးသိန်း၊ ဒဏ်ရာရရှိသူတစ်ဦး လျှင် ငါးသောင်း၊ အိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးပါက တစ်သိန်း၊ လုံးဝပျက်စီးပါက လေးသိန်းထောက်ပံ့ခဲ့ပြီးစုစုပေါင်း ၈၅ သိန်း တစ်သောင်းထောက်ပံ့ခဲ့ကြောင်း၊ ဒုတိယအကြိမ်အနေဖြင့် သြဂုတ် ၉ ရက်နေ့မှ ၁၃ ရက်နေ ့ အထိ တစ်စိတ်တစ်ပိုင်းပျက်စီးသည့် အိမ်ခြေ ၃၀ နှင့်လုံးဝပျက်စီးခဲ့သည့် အိမ်၅၉ လုံး ရှိပြီး ထောက်ပံ့မှုအနေဖြင့် ၁၂၂၃၀၀၀၀ အားထပ်မံထောက်ပံ့ရန်ရှိကြောင်း၊ သဘာဝဘေးသင့်ခဲ့၍ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခဲ့ရမှုမှာ တတိုင်းလုံးအနေဖြင့် သြဂုတ် ၁၃ ရက်အထိ ကယ်ဆယ်ရေးစခန်း ၂၆ ခုရှိခဲ့ပြီး လူဦးရေ ၄၁၂၇ ဦးရှိခဲ့ကြောင်း၊ နီးစပ်ရာဆွေမျိုးအိမ်များ၌ ပြောင်းရွှေ့နေထိုင်မှုမှာ ၃၉ နေရာရှိပြီး လူဦးရေ ၃၇၁၄ ဦး ရှိကြောင်း၊ သြဂုတ် ၁၄ ရက်၌ရေပြန်လည်ကျဆင်းသွားသဖြင့် ကယ်ဆယ်ရေးစခန်းအချို့ ပိတ်သိမ်းခဲ့ပြီး နောက်ဆုံးရရှိထားသည့် စာရင်းများအရ တနင်္သာရီမြို့နယ်တစ်ခုတည်းတွင် ဆွေမျိုး အိမ်သို့ ပြောင်းရွှေ့နေထိုင်သူအိမ်ထောင်စု ၁၁၄၃ စု၊ လူဦးရေ ၅၈၃၇ ဦးရှိကြောင်း သိရပြီး အချုပ်အားဖြင့် မြိတ်ခရိုင်တွင် ကယ်ဆယ် ရေးစခန်း ၁၄ ခုရှိပြီး အိမ်ထောင်စု ၅၀၅စု၊ လူဦးရေ ၂၄၁၇ ဦး ကျန်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သဘာဝဘေးဒဏ်သင့်ခဲ့သည့် ဒေသများ၌ ရာသီဥတုမှာ လက်ရှိအချိန်တွင် ပြန်လည်ကောင်းမွန်နေပြီဖြစ်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ကျေးရွာများတွင်ရေများ ပြန်လည်ကျဆင်းနေပြီဖြစ်ကာ ကယ်ဆယ်ရေး စခန်းအချို့ကိုလည်းပိတ်သိမ်းမှုများရှိသော်လည်း ဒေသခံများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ကူညီထောက်ပ့ံမှုများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
