Top News

ဘားအံ-မော်လမြိုင် (အဖြောင့်လမ်းပိုင်း) ရေလွှမ်းမိုးမှု လျော့ပါးသွား၍ မှန်လုံခရီးသည်တင်ယာဉ်များ စတင်ဖြတ်သန်း
24htopnews | October 22, 2024 3:12 PM CST

ရေကြီးရေလွှမ်းမိုးမှုကြောင့် ယာယီပိတ်ထားရသည့် ဘားအံ-မော်လမြိုင် (အဖြောင့်လမ်းပိုင်း) မှာ ရေလွှမ်းမိုးမှု လျော့ပါးလာသည့်အတွက် သြဂုတ် ၁၈ ရက် နံနက်ပိုင်းမှစတင်ကာ ခရီးသည်တင်မှန်လုံယာဉ်များ၊ ကားကြီး ကားငယ်များ စတင်ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

“ဒီမနက်မှာ ကားလမ်းတစ်လျှောက်ရေ လွှမ်းမိုးမှုလျော့နည်းလာတဲ့အတွက် ကျွန်တော်တို့ မှန်လုံယာဉ်တွေ စတင်ဖြတ်သန်းလို့ရပါပြီ။ ထိုင်းဘက်တက်မယ့် တွဲကားတွေလည်း ဒီလမ်းကြောမှာ ဖြတ်သန်းသွားလာတာ တွေ့ရပါတယ်။ လမ်းကရေလွှမ်းဒဏ်ကိုခံစားခဲ့တာကြောင့် တချို့နေရာတွေမှာ ပျက်စီးယို ယွင်းမှုဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပါတယ်။ ဒါကို ပြင်ဆင်ပေးနိုင်ရင်တော့ ဒီအဖြောင့်လမ်းပိုင်းမှာ သွားလာရေး ပိုမိုအဆင်ပြေမှာ ဖြစ်ပါတယ်” ဟု ဘားအံ-မော်လမြိုင်လမ်းတွင်ပြေးဆွဲနေသည့် မြတ်ရတနာမင်း မှန်လုံယာဉ် မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

ကရင်ပြည်နယ်တွင် သြဂုတ် ၆ ရက်မှစတင်ကာ မြို့နယ်ခြောက်ခုအတွင်း ရေကြီးရေလွှမ်းမိုးမှု စတင်ခံစားခဲ့ရပြီး ဘားအံမြို့နယ် အတွင်း၌ ရေကြီးရေလွှမ်းမိုးမှုကြောင့် အရေးကြီးတံတားများ၏ အောက်ခြေချဉ်းကပ်ခုံ နိမ့်ဆင်းမှုများဖြစ်ပေါ်ခဲ့ကာ ဘားအံ-အိန္ဒု-မော်လမြိုင်(အကောက်လမ်းပိုင်း)၌ မြပြည်-ဝဲက နင်ချဉ်းကပ်တံတား အောက်ခြေနိမ့်ဆင်းခဲ့ပြီး အဆိုပါအကောက်လမ်းပိုင်းကို ယာယီပိတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ဝဲကနင်-မြပြည်ကျေးရွာချင်း ဆက်တံတားကို ကရင်ပြည်နယ်လမ်းတံတား ဦးစီးဌာနက အရေးပေါ်ပြင်ဆင်ပေးနိုင်ခဲ့သဖြင့် သြဂုတ် ၉ ရက်တွင် ကုန်သွယ်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ ပြန်လည်ပြေးဆွဲနိုင်ခဲ့ပြီး ယခုအခါ ရေလွှမ်းမိုးမှု လျော့နည်းလာခြင်းကြောင့်ယာယီပိတ်ထားရသည့် ဘားအံ -ဇာသပြင်-မော်လမြိုင်(အဖြောင့်လမ်းပိုင်း)အား သြဂုတ် ၁၈ ရက် နံနက်ပိုင်းမှ စတင်ကာ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်သည်။      


READ NEXT
Cancel OK