တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်တွင် သြဂုတ် ၁၇ ရက်ည ၉ နာရီကျော်က အသံကျယ်လောင်စွာဖြင့် ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်ခဲ့ပြီး အသံထွက်ပေါ်ရာနေရာ ဟုယူဆရသည့်နေရာတွင်ယမ်းမှုန့်များ ကျန်ရှိခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့ပေါ်ရှိ ဘုမ္မော်နှင့် ကြက်စားပြင်ရပ်ကွက်တို့၌ ည ၉ နာရီ ၁၅ မိနစ်ခန့်က အသံကျယ်လောင်သည့် ပေါက်ကွဲသံကိုရပ်ကွက်အတွင်း နေထိုင်သူများနှင့် မြို့ပေါ်၌နေထိုင်သူများကြားခဲ့ရပြီး အသံထွက်ပေါ်ရာနေရာအနီး၌ နေထိုင်သူအချို့မြေပြင်တုန်ခါမှုကိုပါ ခံစားခဲ့ရကြောင်း၊ ယင်းအသံထွက်ပေါ်ပြီးနောက် အသံထွက်ပေါ်ရာနေရာကို ရပ်ကွက်နေသူအချို့လိုက်လံရှာဖွေရာ ဘုမ္မော်ရပ်ကွက် သီတဂူဆေးရုံအဝင်လမ်းဘေးရှိ ရော်ဘာဂိုဒေါင်ဝင်းဘေးမြောင်းနှုတ်ခမ်းပေါ်၌ ပေါက်ကွဲသည့်နေရာဟုယူဆရသည့်နေရာကို တွေ့ ရှိခဲ့ပြီး ယင်းနေရာ၌ ယမ်းမှုန့်အနည်းငယ်နှင့် စုတ်ပြတ်နေသည့် အနက်ရောင်ကြွပ်ကြွပ်အိတ်ကို တွေ့ရသည့်အပြင် ပေါက်ကွဲသည့် အရှိန်ကြောင့်မြေကြီးတွင် လေးလက်မခန့် တွင်းငယ်တစ်ခုဖြစ်သွားပြီး သုံးပေပတ်လည်အကျယ် ပေါင်းမြက်ပင်များ လွင့်စဉ်ရှင်းလင်း နေသည့်မြေကွက်ငယ်နှင့် နံဘေးရှိအုတ်နံရံ ၌ ရွှံ့များပေကျံနေသည်ကို တွေ့ရကြောင်း ယင်းနေရာကို တွေ့ရှိခဲ့သူများထံမှ သိရသည်။
ယင်းနေရာမှ ပေါက်ကွဲသံထွက်ပေါ်လာသည့် အချိန်တွင်မီးလုံးအရောင်နှင့် မီးခိုးလုံးများကို မြင်တွေ့ခဲ့သူများရှိခဲ့ကြောင်း၊ ပေါက်ကွဲသံထွက်ပေါ်မှုကြောင့် ရပ်ကွက်နေသူများ စိုးရိမ်ထိတ်လန့်ခဲ့သည်ဟု သိရသည်။
“အသံကြားတဲ့ဆီ သွားရှာတာ ဘာမှမတွေ့ဘူး။ ဒါပေမဲ့ အသံဖြစ်တဲ့နေရာ အတည်ပြုတဲ့နေရာမှာတော့ ယမ်းနံ့တွေရတယ်။ ကြွပ်ကြွပ်အိတ်တောင် စုတ်ပြတ်သတ်နေတယ်။ ပေါက်ကွဲလို့စဉ်တဲ့ဟာ မတွေ့ဘူး။ မရှိဘူး။အဲဒါတွေ့ရင် ဘာနဲ့လုပ်တယ်ဘာဆိုတာ သိရမှာ။ အခုက ယမ်းနံ့ရတယ်ဆိုတော့ အဲဒီကြွပ်ကြွပ်အိတ်ထဲထည့်ပြီးတော့များ ဖောက်လားမသိဘူး။ ယမ်းကို ကြွပ်ကြွပ်အိတ်နဲ့ထုတ်ပြီးတော့ များလားပေါ့။ ဘယ်သူ့လက်ချက်ဆိုတာ စုံစမ်းနေတယ်။ ယမ်းနဲ့ ပတ်သက်တာကိုလည်း လိုက်နေတယ်။ နောက်တစ်ခုက ဘာရည်ရွယ်ချက်ရှိလဲပေါ့။ ဒီဟာကဟိုနားတစ်လုံး ဒီနားတစ်လုံးဆိုတော့ လူလိုက်လုပ်နေတာသေချာသွားပြီ။ စစချင်းတုန်းကဟိုဟာလိုလို ဒီဟာလို လိုဆိုတာ မဟုတ်တော့ဘူး။ ဒါက တမင်တ ကာလိုက်ပြီးတော့ လုပ်တာလားဘာလားဆို တာ တွေ့အောင်ရှာမှရမယ်”ဟု ထားဝယ်မြို့ မရဲစခန်းမှူးက ပြောကြားသည်။
အဆိုပါ ကျယ်လောင်သောပေါက်ကွဲသံများမှာ ထားဝယ်မြို့ပေါ်နှင့် မြို့အနီးဝန်းကျင်နေရာအနှံ့မှ ပြီးခဲ့သည့် သြဂုတ် ၁၁ ရက် ညပိုင်းမှစတင်ကာ သြဂုတ်၁၇ ရက်အထိ ညစဉ် ည ၉ နာရီမှ ၁၂ နာရီကျော်အချိန်အတွင်း တစ်ညလျှင် တစ်ကြိမ်ထွက်ပေါ်နေခြင်းဖြစ်ပြီး ထားဝယ်မြို့ပေါ်အပြင် မြို့အနီးဝန်းကျင်ရှိ ကျေးရွာများကပါ ကြားရကြောင်း၊ ပေါက်ကွဲ သံထွက်ပေါ်သည့် နေရာနှင့် နီးကပ်သည့် နေရာများတွင် ပေါက်ကွဲသံထွက်ပေါ်ချိန်၌ တုန်ခါမှုကိုပါ ခံစားရသည်ဟု ပေါက်ကွဲသံကြားရသူများက ဆိုသည်။
“ညတုန်းက ၉ နာရီ ၁၀ မိနစ် ၁၅ မိနစ်လောက်မှာပေါ့။ အိမ်မှာအိပ်ပြီး စာဖတ်ရင်းနဲ့အသံတစ်ခု ကြားတယ်။ အတော်လေးကို ကျယ်တယ်။ ‘ဒုန်း’ ဆိုပြီး သေနတ်ပစ်သံလို ကြားတယ်။ မြေကြီးတောင် တုန်တယ်။ ဘာဖြစ်လဲပေါ့နော်။ မိုးကြိုးပစ်တာလား တစ်ခုခု ဖြစ်တာလား ပထမတော့ ဇဝေဇဝါဖြစ်တယ်။ နောက်မှ လိုက်မေးရင်းနဲ ့ဒီလိုဖြစ်မှန်းသိတာ။မြင်တဲ့သူတွေပြောတာတော့ ဒီအသံကြားပြီးတာနဲ့ မီးခိုးတွေအူထွက်နေတယ်တဲ့ အဲဒီနေရာမှာ။ မီးခိုးတွေအူထွက်ပြီးတော့ အနီးနား ပတ်ဝန်းကျင်က လူကြီးပိုင်းတွေဆိုလန့်ပြီးသွေးတိုးတွေဘာတွေတက်ပြီး ဆေးတွေထိုးရတာရှိတယ်။ အနီးအနားပတ်ဝန်းကျင်က လူတွေလည်း အထိတ်တလန့်ဖြစ်နေတာတွေ ရှိတယ်။ ပေါက်တဲ့နေရာနဲ့ ကျွန်တော့်အိမ်ကလမ်းမကြီးတစ်လမ်းပဲ ခြားတယ်” ဟု ပေါက်ကွဲသံထွက်ပေါ်ခဲ့သည့် နေရာအနီးတွင် နေထိုင်သူ ကြက်စားပြင်ရပ်ကွက်မှ ကိုသော်လွင်အောင်က ပြောကြားသည်။
ထို့ပြင် သြဂုတ် ၁၂ ရက်က ထားဝယ်မြို့ပေါ်၌ ပေါက်ကွဲသံကြားခဲ့ရသည့် ကိုဟိန်းသန့်ကလည်း “ကျွန်တော် ပေါက်ကွဲတဲ့ အသံကြားတာကတော့ ည ၁၂ နာရီ ၂၅လောက်ရှိပြီဗျ။ ရုံးမှာထိုင်နေတုန်း ပေါက်ကွဲသံကြားလိုက်တယ်။ နောက်ပြီးမြေပါတုန်သွားတယ်ဗျ။ အဲ ဒီအသံကြားလို့ အသံလာတဲ့ဘက် ရွှေဝယ်သီရိကစားကွင်းဘက်နဲ့ ထီးခီးကားကွင်းဘက်ကို သွားကြည့်တာ ဘာမှတော့ ထွေထွေထူးထူး မတွေ့ရဘူး။ အခုထိတော့ ဘာပေါက်ကွဲတာလို့ မသိရသေးဘူူး။ မိုင်းပေါက်ကွဲသံဖြစ်မယ်လို့ မြင်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ အဲဒီအ သံကြားချိန်မှာ မြေကြီးပါတုန်သွားတယ်။ နောက်ပြီး အိပ်တန်းဝင်နေတဲ့ ငှက်တွေတောင် အကုန်လုံးလန့်ပြီး ထပျံကုန်တယ်” ဟု ၎င်းကိုယ်တိုင်ကြားသိခဲ့ရသည့် အခြေအနေကို ပြောကြားသည်။
သြဂုတ် ၁၁ ရက်မှ ၁၇ ရက်အတွင်း ညစဉ်ပေါက်ကွဲသံများ ကြားခဲ့ရပြီးပေါက်ကွဲသံ ထွက်ပေါ်လာသည့်နေရာမှ မီးခိုးလုံးများထွက်ပေါ်လာသည်ကို မျက်မြင်တွေ ့ရှိသူများ ရှိသည့်အပြင် ပေါက်ကွဲသံထွက်ပေါ်လာသည့် နေရာသို ့ပေါက်ကွဲမှုမဖြစ်ခင် ဆိုင်ကယ်ဖြင့် လူတစ်ဦးလာရောက်၍ အထုပ်တစ်ထုပ်လာ ရောက်ချထားခဲ့သည်ကို မြင်တွေ့ခဲ့သူများရှိကြောင်း စုံစမ်းသိရှိရသည်။
ယင်းသို့ ညစဉ်ပေါက်ကွဲသံများပေါ် ထွက်နေ၍ ထားဝယ်မြို့ခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း၊ ယင်းသို ့ပေါက်ကွဲသံထွက်ပေါ်အောင် လုပ်ဆောင်နေသူများမှာ ဒေသတွင် မတည်မငြိမ်ဖြစ်စေရန်နှင့် ပြည်သူများကြောက်လန့်စေရန် လုပ်ဆောင်နေသည်ဟု သုံးသပ်ရပြီး ထိုသို့ပြုလုပ်နေသူများကို အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးအရေးယူပေးရန်လိုကြောင်း မြို့ခံများက တောင်းဆိုမှုများ ရှိနေသည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
