Top News

အမ်းစစ်ဆေးရေးဂိတ်တွင် အထောက်အထားမဲ့ ဘင်္ဂါလီအမျိုးသမီးတစ်ဦးနှင့် လိုက်ပါပို့ဆောင်သူ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးရမိ
24htopnews | October 22, 2024 3:12 PM CST

ရခိုင်ပြည်နယ် အမ်းစစ်ဆေးရေးဂိတ်တွင် အထောက်အထားမဲ့ ဘင်္ဂါလီအမျိုးသမီးတစ်ဦးနှင့်လိုက်ပါပို့ဆောင်သူ အမျိုးသမီးတစ်ဦးတို့အား ဖမ်းမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီအမျိုးသမီးအား စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှ ပွဲစားမောင်လှ(ကမန်)က ကားဂိတ်အထိလာရောက်ပို့ ပေးခဲ့ခြင်းဖြစ်ကာ ကားပေါ်တွင် စစ်တွေမြို့ နယ် သင်းပုန်းတန်းကျေးရွာနေ ရခိုင်အမျိုးသမီးတစ်ဦးဖြစ်သော ဒေါ်မိစန်းအေးက  ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းင်းတို့အား သြဂုတ် ၁၇ ရက်ည ၆ နာရီခန့်တွင် အမ်းစစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာသည့် စစ်တွေ-ရန်ကုန် ရိုးမမန္တလာခရီး သည်တင်ကားပေါ်တွင် စိစစ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ခရီးသည်တင်ကားပေါ်တွင် တင်ဆောင်လာရန်အတွက် ပို့ဆောင်သူက ကျပ်ငါးသိန်းဖြင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး စရန်ငွေတစ်သိန်းယူထားကာ ထောက်ကြန့်လမ်းဆုံသို့အရောက် ပို့ဆောင်ပေးပြီးပါက ငွေလွှဲပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီအမျိုးသမီးမှာ စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှ မနူဂိုဂျာနောက် (၁၆ နှစ်)ဖြစ်ပြီး လိုက်ပါပို့ဆောင်ပေးသူမှာ စစ်တွေမြို့နယ် သင်းပုန်းတန်းကျေးရွာနေ ဒေါ်မိစန်းအေး (၃၃ နှစ်) ဖြစ်ကြောင်း သိရသည်။

ဘင်္ဂါလီအမျိုးသမီးအား လဝကဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရန် စိစစ်လျက်ရှိပြီး လိုက်ပါပို့ဆောင်သူအား ရဲတပ်ဖွဲ့က ဥပဒေအရ အရေးယူနိုင်ရန် အမှုဖွင့်စိစစ်လျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK