မန်ယူအသင်းနှင့် ဒီဟေးယား စာချုပ်သစ်လက်မှတ်ရေးထိုးခဲ့သည်ဟု သတင်းထွက်
24htopnews | October 22, 2024 3:12 PM CST
မန်ယူအသင်းသည် ဂိုးသမား ဒီဟေးယားကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ဒီဟေးယားမှာ မန်ယူအသင်းနှင့် ကာလကြာရှည်ဆွေးနွေးပြီးနောက် (၅)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
မန်ယူနံပါတ်တစ်ဂိုးသမားအနေဖြင့် အခွန်ဆောင်အပြီး တစ်နှစ်လျှင် ပေါင်(၁၃.၃)သန်းရရှိမည်ဖြစ်ပြီး အသင်းတွင် ပေါ့ဘာကိုကျော်ဖြတ်ကာ လစာအများဆုံးကစားသမားဖြစ်လာမည်ဟု ဗြိတိန်သတင်းစာ Daily Record က ရေးသားခဲ့သည်။
ဒီဟေးယားသည် အစောပိုင်းကာလက မွေးရပ်မြေကလပ် ရီးယဲလ်မက်ဒရစ်အသင်းနှင့် သတင်းထွက်ခဲ့ပြီး ပြီးခဲ့သည့်နွေရာသီကလည်း PSG၊ ဂျူဗင်တပ်စ်အသင်းများနှင့် ချိတ်ဆက်မှုများရှိခဲ့ ကြောင်း သိရသည်။
၎င်းမှာ ပြီးခဲ့သည့်ဘောလုံးရာသီ(၇)ရာသီအတွင်း ရာသီအလိုက်ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးသမားဆုကို (၅)ကြိမ်အထိ ရရှိထားခဲ့ဖူးသူဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
