ဖီအိုရင်တီးနား နှင့် ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၄ ရက် ည ရး၃၀ နာရီ)
စီးရီးအေ(၂)ပွဲဆက်အရေးနိမ့်ထားလို့ ဖီအိုရင်တီးနားအသင်းကို မေတ္တာကြီးမားပြနေတဲ့ အသင်းပိုင်ရှင်ကွန်မစ်ဆိုရဲ့ ရင်ကို ပူလောင်စေပါလိမ့်မယ်။ နွေရာသီပြင်ဆင်မှုတွေအားကောင်းခဲ့ပြီး တိုက်စစ်မှာ ကစားသမားကောင်းတွေရှိပေမယ့် ဖီအိုရင်တီးနားရဲ့မျှော်လင့်ချက်တွေကို ဖျက်ဆီးနေတာ ခံစစ်စည်းမလုံခြုံမှုပါပဲ။ ဂျူဗင်တပ်စ်က ပါးမားနဲ့အဖွင့်ပွဲမှာ ပုံစံကောင်းသိပ်မပြသ နိုင်ပေမယ့် နာပိုလီနဲ့ဒုတိယပွဲမှာ သူတို့ရဲ့ တိုက်စစ်အင်အားသန်မာမှုကို ပြသနိုင်ခဲ့တယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်မှာလည်း အမျှော်လင့်ခံကြယ်ပွင့် ဒီလစ် အသားမကျသေးလို့ ခံစစ်မတည်ငြိမ်သေးဘူး။ အိမ်ကွင်းမှာဂိုးပိုရတတ်တဲ့ ဖီအိုရင်တီးနားတိုက်စစ်ပိုင်း ကို ဂိုးပေးရဦးမယ်ထင်တယ်။ ဂျူဗင်တပ်စ်မှာလည်း စီရော်နယ်လ်ဒို ဂိုးမြူးနေလို့ နှစ်သင်းပေါင်းဂိုးများနိုင်မယ့်ပွဲလို့ ယူဆချင်ပါ တယ်။ ဂျူဗင်တပ်စ်နဲ့ စီးရီးအေနောက်ဆုံး (၁၉)ကြိမ်ဆုံတွေ့ရာမှာ (၁)ပွဲသာနိုင်ထားတဲ့ ဖီအိုရင်တီးနား သရေအမြင့်ဆုံးပါပဲ။
နာပိုလီ နှင့် ဆမ်ဒိုးရီးယား (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၄ ရက် ည ၁ဝး၃၀ နာရီ)
ဆမ်ဒိုးရီးယားရဲ့ ရာသီအစလမ်းဟာ ရှုံးပွဲတွေကြားနစ်မွန်း နေပါတယ်။ ဖရိုဖရဲခံစစ်နဲ့ တိတ်ဆိတ်တိုက်စစ်လုပ်အားနှုန်းတွေ ကြား ပြီးခဲ့တဲ့ရာသီကလို ဆမ်ဒိုးရီးယားကို မမြင်ရသေးဘူး။ အန် ဆယ်လော့တီရဲ့ ဒုတိယရာသီနာပိုလီအခင်းအကျင်းမှာ တိုက်ပွဲ ဝင်စိတ်ဓာတ်ပိုကောင်းလာတာတွေ့ရတယ်။ တိုက်စစ်မှာ မာ တင်စ်၊ အင်ဆစ်ဂ်နီ၊ ကယ်လီဟွန်တို့ ဂိုးတွေသွင်းနေဆဲဖြစ်သလို၊ လိုဇာနိုကလည်း ဂိုးလာဘ်ရှိလို့ (၂)ဂိုးပြတ်နိုင်မယ်ထင်တယ်။
အင်တာမီလန် နှင့် အူဒီးနီးစ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၅ ရက် နံနက် ၁း၁၅ နာရီ)
နောက်ဆုံး(၆)ကြိမ်တွေ့ဆုံမှုမှာ အင်တာမီလန် (၄)ကြိမ် အနိုင်ရရှိထားသလို၊ လက်ရှိစုဖွဲ့မှုအရလည်း အူဒီးနီးစ်ကို ဖြိုလှဲ ဖို့ မခက်ပါဘူး။ အူဒီးနီးစ်က အဖွင့်ပွဲမှာ အေစီမီလန်ကို အံ့အား သင့်ဖွယ်နိုင်ခဲ့ပေမယ့် ဒုတိယပွဲမှာပါးမားကို ဂိုးပြတ်ရှုံးခဲ့လို့ သိပ် ပြီးယုံစားလို့မရဘူး။ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက် သိမ်းပိုက်ထားချင်နေမယ့် အင်တာမီလန်အသင်း အနိုင်သေချာ ပြီး ဂိုးပြတ်၊ မပြတ်ပဲ ရင်ခုန်ရမယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
