ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် အုပ်စုအဆင့်ပွဲစဉ်များမစတင်မီ ကလပ်အသင်းများ၏ နွေရာသီအပြောင်းအရွှေ့လှုပ်ရှားမှုများအပေါ် အဓိကအခြေခံသည့် သတင်းထုတ်ပြန်မှုတစ်ခု ပြုလုပ်ခဲ့ရာ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် အုပ်စုအဆင့် ယှဉ်ပြိုင်မည့် ကလပ်အသင်း(၈၀)၏ အပြောင်းအရွှေ့အသုံးစရိတ်မှာ စံချိန်သစ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် အုပ်စုအဆင့်ပွဲစဉ်များမစတင်မီ ကလပ်အသင်းများ၏ နွေရာသီအပြောင်းအရွှေ့လှုပ်ရှားမှုများအပေါ် အဓိကအခြေခံသည့် သတင်းထုတ်ပြန်မှုတစ်ခု ပြုလုပ်ခဲ့ရာ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် အုပ်စုအဆင့် ယှဉ်ပြိုင်မည့် ကလပ်အသင်း(၈၀)၏ အပြောင်းအရွှေ့အသုံးစရိတ်မှာ စံချိန်သစ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။
ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် (၃၂) သင်း၊ ယူရိုပါလိဂ်အုပ်စုအဆင့်တွင် (၄၈)သင်းဖြင့် စုစုပေါင်းအသင်း(၈၀)ရှိပြီး ယင်းအသင်းများ၏ ၂၀၁၉ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ်မှာ ယူရို(၃.၉၈)ဘီလီယံရှိခဲ့သည်။
ယင်းပမာဏမှာ ၂၀၁၈ နွေရာသီထက် (၅၅%)အထိ မြင့်တက်ပြီး စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အသင်း(၈၀)ထဲမှ (၄၃%) သည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကလပ်စံချိန်တင် ကစားသမားခေါ်ယူမှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရှိရသည်။
ဖြစ်ပေါ်ခဲ့သည့် ကစားသမားအပြောင်းအရွှေ့များထဲတွင် တိုက်စစ်မှူးများနှင့် နောက်ခံလူများက အများဆုံးဖြစ်ခဲ့ပြီး စုစုပေါင်းအရေအတွက်၏ (၇၀%)ရှိခဲ့ကြောင်း၊ အသက်အရွယ်အရ ခွဲခြားပါက အများဆုံးဖြစ်ခဲ့သည်မှာ အသက်(၂၁)နှစ်မှ (၂၄)နှစ်ကြား ကစားသမားများဖြစ်ပြီး (၄၇%)အထိ ရှိခဲ့ကြောင်း၊ အသက်(၂၈)နှစ်အထက် ကစားသမားများ၏ အပြောင်းအရွှေ့ဖြစ်ပေါ်မှုမှာ (၇%)သာရှိခဲ့ ကြောင်းလည်း UEFA က ဖော်ပြခဲ့သည်။
ထို့ပြင် ဥရောပပြိုင်ပွဲဝင်အသင်း(၈၀) ၏ အသုံးစရိတ်မှာ ကမ္ဘာ့အပြောင်းအရွှေ့စျေးကွက်တစ်ခုလုံး၏ (၅၈%)အထိ ရှိခဲ့ကြောင်းလည်း သိရှိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကလည်း နွေရာသီအပြောင်းအရွှေ့ဈေးကွက်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ရာ ဥရောပထိပ်သီး(၅)နိုင်ငံမှ ကလပ်အသင်းများ၏ အသုံးစရိတ်သည် စျေးကွက်တစ်ခုလုံး၏ (၇၅.၇%)ရှိခဲ့ကြောင်းလည်း သိရှိရသည်။
ဖီဖာ၏ဖော်ပြမှုအရ ၂၀၁၉ နွေရာသီတွင် ကစားသမားအပြောင်းအရွှေ့ (၈၉၃၅) ခုရှိခဲ့ကြောင်းလည်း သိရှိရသည်။
■ ဥရောပထိပ်သီး(၅)နိုင်ငံ၏ ၂၀၁၉နွေရာသီ ကစားသမားအဝင်အထွက်
အင်္ဂလန်ကလပ်များ၏ ကစားသမားခေါ်ယူမှု - ၄၇၈ ဦး
အင်္ဂလန်ကလပ်များ၏ ကစားသမားထွက်ခွာမှု - ၅၃၆ ဦး
စပိန်ကလပ်များ၏ ကစားသမားခေါ်ယူမှု - ၄၁၈ ဦး
စပိန်ကလပ်များ၏ ကစားသမားထွက်ခွာမှု - ၄၇၀ ဦး
အီတလီကလပ်များ၏ ကစားသမားခေါ်ယူမှု - ၂၄၇ ဦး
အီတလီကလပ်များ၏ ကစားသမားထွက်ခွာမှု - ၂၆၄ ဦး
ဂျာမနီကလပ်များ၏ ကစားသမားခေါ်ယူမှု - ၃၆၃ ဦး
ဂျာမနီကလပ်များ၏ ကစားသမားထွက်ခွာမှု - ၂၈၃ ဦး
ပြင်သစ်ကလပ်များ၏ ကစားသမားခေါ်ယူမှု - ၂၉၆ ဦး
ပြင်သစ်ကလပ်များ၏ ကစားသမားထွက်ခွာမှု - ၃၅၉ ဦး
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
