ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) သည် အမျိုးသမီးပရိသတ်များ ဘောလုံးကွင်းအတွင်းသို့ ဝင်ရောက်ကြည့်ရှုခွင့်အတွက် ဆွေးနွေးရန် အီရန်နိုင်ငံသို့ လာမည့်ရက်ပိုင်းအတွင်း သွား ရောက်မည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။
အီရန်အမျိုးသမီးပရိသတ်တစ်ဦးသည် ဘောလုံးကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းအတွက် ဖမ်းဆီးထိန်းသိမ်းခံရခြင်းကို မကျေမနပ်ဖြစ်ကာ တရားရုံးရှေ့မှာပင် မိမိကိုယ်ကိုယ် မီးရှို့ခဲ့ပြီးနောက် ပြီးခဲ့သည့်စက်တင်ဘာ(၈)ရက်က ဆေးရုံ၌ သေဆုံးခဲ့သည်။
ဆာဟာကိုဒါရီအမည်ရှိ အသက်(၂၉)နှစ်အရွယ် အဆိုပါအမျိုးသမီးသည် ပြီးခဲ့သည့်မေလက ၎င်းအားပေးသည့် အက်စတီဟယ်လ်အသင်း၏ ပွဲတစ်ပွဲကို အမျိုးသားအ ယောင်ဆောင်ကာ ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းအတွက် ထောင်ဒဏ် (၆)လကျခံရမည်ဖြစ်၍ ယင်းကဲ့သို့ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်အတွက် ဆွေးနွေးမှုပြုလုပ်ရန် ဖီဖာက စီစဉ်နေခြင်းဖြစ်သည်။
ဖီဖာက "အောက်တိုဘာလမှာ ကစားမယ့် အီရန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အမျိုးသမီးပရိသတ်တွေ ကွင်းထဲဝင်ခွင့်ရရှိရေးအတွက် ဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်သွားမှာပါ"ဟု ထုတ်ပြန်ခဲ့သည်။
အီရန်နိုင်ငံသည် ၁၉၈၁ ခုနှစ်ကတည်းက အမျိုးသမီးများအားဘောလုံးကွင်းနှင့် အခြားအားကစားကွင်းများသို့ ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
