တစ်ကိုယ်ကောင်းမဆန်ပါက မက်ဆီကဲ့သို့ ဆာလာဖြစ်လာနိုင်ဟု ဝင်းဂါးသုံးသပ်
24htopnews | October 22, 2024 3:13 PM CST
အာဆင်နယ်အသင်းနည်းပြ အာစင်းဝင်းဂါးက လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာအနေဖြင့် ဂိုးရှေ့တွင် တစ်ကိုယ်ကောင်းမဆန်ပါက မက်ဆီကဲ့သို့ ကစားသမားဖြစ်လာလိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။
အီဂျစ်တောင်ပံ ကစားသမား ဆာလာသည် ပြီးခဲ့သည့် ဘန်လေနှင့်ပွဲစဉ်တွင် ပြိုင်ဘက်ဂိုးရှေ့၌ လွတ်လွတ်ကျွတ်ကျွတ်ရှိနေသည့် အသင်းဖော် မာနေအား ဘောလုံးမပေးဘဲ ကိုယ်တိုင်ကန်သွင်းယူခဲ့ခြင်းကြောင့် မာနေ၏ဒေါသပေါက်ကွဲမှုကို မြင်တွေ့ခဲ့ရသည်။
အာစင်ဝင်းဂါးက "သူက အဝေးကွင်းမှာ တစ်ရာသီဂိုး (၂၀)လောက်တော့ ပုံမှန်သွင်းယူနိုင်ပါတယ်။ သူက မက်ဆီလို ကစားသမားမျိုးပါ။ ဒါပေမဲ့ သူ့အနေနဲ့ မက်ဆီရဲ့စိတ်သဘောထားမျိုးရှိဖို့ လိုအပ်ပါသေးတယ်။ သူဟာ အဆုံးသတ်ကောင်းမွန်တဲ့ကစားသမားဖြစ်ပေမယ့် တစ်ခါတလေမှာ အသင်းဖော်တွေကို ဘောလုံးပေးပို့ဖို့လည်း လိုအပ်ပါတယ်" ဟု ဆိုခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
