မြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်အောက် လူငယ်များတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု အရေအတွက်မှာ ၂၀၀၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း သုံးဆခန့် မြင့်တက်လာကြောင်း “မဟာဗျူဟာမြောက် ကျန်းမာရေး ဆက်သွယ်မှုလုပ်ငန်းပညာရပ်ဖြင့် မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” မှ ရရှိသည့် အချက်အလက်အရ သိရသည်။
“ ၂၀၁၄ခုနှစ် စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီး အမျိုးသား ၄၃ ရာ ခိုင်နှုန်းကျော်နဲ့ အမျိုးသမီး ရှစ်ရာခိုင်နှုန်းကျော်သည် ဆေးလိပ် သောက်သုံးသူတွေဖြစ်ပြီး အမျိုးသား ၆၂ ရာခိုင်နှုန်းကျော်၊ အမျိုးသမီး၂၄ ရာခိုင်နှုန်းကျော်က ဆေးရွက်ကြီးပါတဲ့ ကွမ်းစားသုံးသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၁၅ နှစ်အောက် လူငယ်တွေမှာလည်း ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုက ၂၀၀၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း သုံးဆလောက် မြင့်တက်လာတာကို တွေ့ရပါတယ်။ လူငယ်တွေမှာ ဆေးလိပ် သောက်သုံးမှုတွေ မြင့်တက်လာတာနဲ့ ပတ်သက်ပြီး ကျောင်းသား လူငယ်ထုအတွင်း ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးကင်းဝေးရေး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံတွေ ကျင့်သုံးလာဖို့အတွက် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အမျိုးသားရေး လှုပ်ရှားမှုအသွင်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
လက်ရှိ၌ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များတွင် မူးယစ်ဆေးအန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်သောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ အရက်သေစာ သောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ ကျောင်းသားထုအတွင်း ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်မှုပုံစံများ လိုက်နာကျင့်သုံး ဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ ကျောင်းသား လူငယ်များကို မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများကို ထည့်သွင်း သင်ကြားပေးနိုင်ရေးနှင့် ကျောင်းသားလူငယ်များတွင် ဂိမ်းအလွန်အကျွံစွဲလမ်းမှု ပပျောက်ရေး ကိစ္စရပ်များကို ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှာကြားထားကြောင်း သိရသည်။
၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သော Global Youth Tabaco Survey အရ အသက် ၁၃ နှစ်မှ ၁၅ နှစ်အကြား ကျောင်းသား လူငယ်ထုအတွင်းမှ ဆေးလိပ် သို့မဟုတ် ကွမ်းယာစားသုံးသူ ယောကျ်ားလေးများတွင် ၂၆ ရာခိုင်နှုန်း နှင့် မိန်းကလေးများတွင် လေးရာခိုင်နှုန်း ရှိသဖြင့် ယင်းအချက်များသည် ကျန်းမာရေး ရှု့ထောင့်အရ လည်းကောင်း၊ လူမှုရေး ရှု့ထောင့်မှ လည်းကောင်း လက်မခံနိုင်သော အခြေအနေ ဖြစ်နေသည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်းပြီး အထူးစီမံချက်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုမှာ တစ်နေ့တခြား တိုးတက်လျက် ရှိသည့်အပြင် ပစ္စည်းအမျိုးအစား စုံလင်ပြီး ထုတ်လုပ်မှု အရေအတွက် တိုးပွားလာသကဲ့သို့ ပစ္စည်းတန်ဖိုးမှာလည်း အာဆီယံနိုင်ငံများအကြားတွင် အနည်းဆုံးစျေးဖြင့် ဝယ်ယူရရှိနိုင်ကြောင်းနှင့် ပြည်တွင်း၌ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် အခါအားလျော်စွာ အခွန်တိုးမြှင့် ကောက်ခံသည့်တိုင်အောင် တက်လာသည့်စျေးသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေဆဲ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
