တီဘီလူနာ ရှာဖွေကုသသည့် Public Private Mix လုပ်ငန်းများကို ပြည်သူ့ဆေးရုံ ၂၃ ခု၊ စစ်ဆေးရုံ ငါးခုနှင့် ပုဂ္ဂလိကဆေးရုံ ၁၂ ခုတို့တွင် တိုးချဲ့ လုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
၂၀၁၂ မှ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ တီဘီရောဂါလူနာ ရာခိုင်နှုန်း အနည်းငယ်သာ လျော့နည်းခဲ့ပြီး ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းမှု နှေးကွေးနေကြောင်း၊ မြန်မာနိုင်ငံ၌ ၂၀၁၂ ခုနှစ်တွင် တီဘီရောဂါလူနာ ၁၄၈၁၄၉ ဦးရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၁၃၂၀၂၅ ဦးသို့ လျော့နည်းလာခဲ့သော်လည်း ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းမှု နှေးကွေးနေကြောင်း သိရသည်။
ဆေးပုံမှန် မသောက်ခြင်း၊ ဆေးယဉ်ပါးတီဘီ ဖြစ်ပွားနှုန်းများခြင်း၊ တီဘီ/အိပ်ချ် အိုင်ဗွီရောဂါ ယှဉ်တွဲဖြစ်ပွားခြင်း စသည် တို့ကြောင့် မြန်မာနိုင်ငံသည် တီဘီရောဂါ အဖြစ်အများဆုံးနိုင်ငံများတွင် လက်ရှိအချိန် အထိ ပါဝင်နေဆဲဖြစ်ကြောင်း အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ သိရ သည်။
“ မြန်မာနိုင်ငံမှာ တီဘီလူနာသစ်က လူဦးရေတစ်သိန်းမှာ ၃၆၁ ဦးနှုန်းရှိပြီး တီဘီ ရောဂါကြောင့် သေဆုံးနှုန်းက လူတစ်သိန်းမှာ ၄၇ ဦးနှုန်းရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သလိပ် ပိုးတွေ့တီဘီလူနာ ၄၉၃၉၉ ဦးကုသပေးနိုင် ခဲ့ပြီး စုစုပေါင်းတီဘီလူနာ ၁၃၁၇၇၅ ဦးကို ကုသနိုင်ခဲ့တယ်။ ရောဂါကုသမှုအောင်မြင် နှုန်းအရ ရာခိုင်နှုန်းအားဖြင့် ၈၀ ကျော် လောက် ရှိပေမယ့် လူနာတွေက တီဘီဆေး ပုံမှန်မသောက်တာ၊ ဆေးယဉ်ပါးတီဘီရောဂါ ဖြစ်ပွားနှုန်းများတာ၊ တီဘီ/အိပ်ချ်အိုင်ဗွီရောဂါ ယှဉ်တွဲ ဖြစ်ပွားတာ၊ အာဟာရချို့တဲ့တာ၊ တီဘီလူနာတွေမှာ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားတာတွေကြောင့် ရောဂါအဖြစ်အများဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနမှ ဒေါက်တာစည်သူအောင်က ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါ အဖြစ်အများဆုံးနိုင်ငံ ၃၀၊ ဆေးယဉ်ပါး တီဘီရောဂါ အဖြစ်အများဆုံးနိုင်ငံ ၃၀ နှင့် တီဘီ /အိပ်ချ်အိုင်ဗွီ အဖြစ်အများဆုံး နိုင်ငံ ၃၀ တွင် ပါဝင်နေဆဲ ဖြစ်ကြောင်းနှင့် ကမ္ဘာ့တီဘီရောဂါ ဖြစ်ပွားနှုန်း၊ သေဆုံးနှုန်းနှင့် တီဘီလူနာသစ် ဖြစ်ပွားနှုန်းတို့မှာ တဖြည်းဖြည်း ကျဆင်းလျက် ရှိသော်လည်း ကျဆင်းနှုန်းမှာ ခန့်မှန်းထားသည်ထက် အလွန်နှေးလျက်ရှိကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် တီဘီရောဂါ တိုက်ဖျက်ရေးအတွက် သုံးနှစ်အတွင်း ဘတ်ဂျက် ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲခဲ့ပြီး တီဘီရောဂါကို ၂၀၂၀ ပြည့်နှစ်အတွင်း ရာခိုင်နှုန်း ၄၀ အထိလျှော့ချနိုင်ရေးနှင့် ဆေးယဉ်ပါးတီဘီ ရောဂါအား၂၀၁၅ မှ၂၀၂၀ ပြည့်နှစ်အတွင်း ငါးရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် မျှော်မှန်းထားကြောင်း အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းမှ သိရသည်။
မြန်မာနိုင်ငံ၌ အမျိုးသားများသည် အမျိုးသမီးများထက် တီဘီရောဂါ ပိုမိုဖြစ်ပွားလျက်ရှိပြီး ဆေးယဉ်ပါး တီဘီဝေဒနာရှင်များ မြင့်တက်လျက်ရှိကြောင်း၊ တစ်ကမ္ဘာလုံးတွင် တီဘီရောဂါကြောင့် သေဆုံးသူပေါင်း ၁ ဒသမ ၄သန်းရှိကာ ယင်းတို့အနက် တီဘီဝေဒနာရှင် လေးသိန်းမှာ အိပ်ချ်အိုင်ဗွီ ရှိသူများ ဖြစ်နေကြောင်းနှင့် လူဦးရေ တစ်သိန်းကိုးသောင်းမှာ ဆေးယဉ်ပါးတီဘီ လူနာများဖြစ်ပြီး ကလေး ၁၄၀၀၀၀ သေဆုံးခဲ့ကြောင်း အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းမှ သိရသည်။
ဆေးယဉ်ပါး တီဘီလူနာ အများစုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိပြီး လူဦးရေ ထူထပ်ခြင်း၊ ရွှေ့ပြောင်းလုပ်သား များပြားခြင်း၊ တီဘီလူနာ များပြားခြင်း၊ အိပ်ချ်အိုင်ဗွီ ကူးစက်မှုနှုန်းများခြင်း စသည်တို့ကြောင့် ရောဂါကူးစက် ပြန့်ပွားနှုန်း မြင့်မားနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
