သင်္ဃန်းကျွန်းမြို့နယ် မင်္ဂလာအိမ်ရာရှိ နေအိမ်များကို သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်းခဲ့မှုအပေါ် ဖယ်ရှားခံရသည့် မိသားစုများက အမှန်တရားမျှတစွာ ဆောင်ရွက်ပေးရန်အတွက် သြဂုတ် ၁၉ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသတင်းစာရှင်းလင်းပွဲကို နေအိမ်များ ဖျက်ဆီးခံရသည့် မိသားစုများနှင့်အတူ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းက ပြုလုပ်ခဲ့ပြီး ဦးဆောင်ပြုလုပ်သည့် ဒေါ်ယဉ်ယဉ်နွယ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းအကြောင်းအား ပြောကြားသည်။
“ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတဲ့ အကြောင်းကတော့ ကျွန်မတို့ ဖျက်ဆီးခံရတာတွေကို နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရော သိစေချင်ပါတယ်။ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခကိုပေါ့။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့က အကုန်လုံး လက်မဲ့ဖြစ်သွားတာလေ။ အကုန်လုံး ဘတ်ဖိုးတွေနဲ့ ထိုးချလိုက်တာ။ အဲဒီလိုမျိုးဖြစ်သွားတဲ့ အခြေအနေမှာ ကျွန်မတို့တွေ လက်မဲ့ ဖြစ်သွားတယ်။ အဲဒါကြောင့်မိုလို့ သမ္မတကြီးရော အကုန်လုံးသိစေချင်တဲ့ စိတ်ဆန္ဒနဲ့ အခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်”ဟု ဒေါ်ယဉ်ယဉ်နွယ်က ပြောကြားသည်။
မိမိတို့သည် ပြည်သူ့စေတနာ့ ဝန်ထမ်းများနှင့်လက်တွဲပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ကို တွေ့ခွင့် တောင်းဆိုခဲ့ကြောင်း၊ စာများကို အဆင့်ဆင့် တင်ခဲ့သော်လည်း မိမိတို့ထံသို့ ပြန်စာများ ရောက်မလာခဲ့ကြောင်း ဒေါ်ယဉ်ယဉ်နွယ်က ဆက်လက် ပြောကြားသည်။
ထို့နောက် ဥပဒေနှင့်ဆိုင်သည့် ဥပဒေရေးရာ တာဝန်ရှိသူများက ပြည်သူများကို အသိဉာဏ် မပွင့်လင်းဘဲ ယခုကဲ့သို့ နေရာတိုင်းတွင် ဖိနှိပ်ခြင်း၊ ကြောက်သွားအောင် လုပ်ခြင်းများ ပြုလုပ်ကြောင်း၊ ထိုသို့ ပြုလုပ်မှုများသည် မှန်သလိုလိုနှင့် အထက်တာဝန်ရှိသူများထံသို့ တင်ပြကြကြောင်း၊ ၎င်းလုပ်ဆောင်မှုများသည် တစ်နိုင်ငံလုံးဖြစ်နေပြီး ယင်းကဲ့သို့ ဖြစ်ရပ်များသည် တိုင်းပြည်နှင့် ပြည်သူများအတွက် နစ်နာကာ ကောင်းမွန်သည့် ပြုပြင်ပြောင်းလဲရေးအပေါ်တွင် မရှိကြောင်း အဆိုပါဖြစ်စဉ်အား ကူညီဆောင်ရွက်ပေးနေသည့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ဥက္ကဋ္ဌ ဦးသိမ်းဆန်းက ဆိုသည်။
“ အခုလို ဖယ်ရှားတာဟာ သူတို့က ကျူးမဟုတ်တဲ့သူကို ကျူးကဲ့သို့ မတရား သတ်မှတ်တာ။ ကျူးမှ မဟုတ်တာ အနှစ် ၂၀ ကျော် နေတာလေ။ သန်းခေါင်စာရင်း ရှိတယ်။ သန်းခေါင်းစာရင်း သက်တမ်းပင်လျှင် ၁၉ နှှစ်နဲ့ ခြောက်လ ရှိတယ်။ တစ်ဆက်တည်းနေတာ အနှစ် ၂၀ ကျော်ပြီ။ ပြောရရင်တော့ ရပ်ကွက်သားတွေတောင် ဖြစ်နေပြီ။ ကျူးဆိုရင်လည်း သေချာတာက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ ကျူးတွေကို စာရင်းပြုစုခြင်း လုပ်တယ်။ ကျူးအိမ်ရာ ဖြစ်ကြောင်း သက်သေခံ အထောက်အထားတွေ ထုတ်ပေးတယ်။ အဲဒီကတ်တွေကိုလည်း သူတို့ကို ထုတ်ပေးထားခြင်း မရှိဘူး” ဟု ဦးသိမ်းဆန်းက ပြောကြားသည်။
အဆိုပါ သင်္ဃန်းကျွန်းမြို့နယ်ရှိ မင်္ဂလာအိမ်ရာသည် ၃ ဒသမ ၉၁၆ ဧကရှိကာ မြေညီလုံးချင်း နေအိမ် ၁၂ လုံး ဆောက်လုပ် နေထိုင်ခဲ့ပြီး အိမ်ရာစီမံကိန်း ဆောက်လုပ်ရန်အတွက် သြဂုတ် ၄ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာက အင်းအားသုံး ဖယ်ရှားရှင်းလင်းခဲ့ကာ ထိုသို့ ရှင်းလင်းရာတွင် ရှင်းလင်းသူများနှင့် ပြည်သူ့စေတနာဝန်ထမ်းအသင်း၏ အဖွဲ့ဝင်အချို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
