ရန်ကုန်တိုင်းအတွင်း ရေဖြန့်ဖြူးရေး လုပ်ငန်းများအတွက် ပုဂ္ဂလိကသို့ လွှဲပြောင်းနိုင်ရန် ယခုလအတွင်း EOI ခေါ်ယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက သြဂုတ် ၁၉ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး အနေဖြင့် ရေပေးဝေရေးလုပ်ငန်း ဖြစ်သည့် ရေသန့်စင်ခြင်း လုပ်ငန်းနှင့် ရေဖြန့်ဖြူးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး ရေသန့်စင်ခြင်း လုပ်ငန်းကို ကိုင်တွယ် ဆောင်ရွက်နိုင်သော်လည်း ရေဖြန့်ဖြူးခြင်း လုပ်ငန်းတွင် ရေခိုးသွယ်မှုနှင့် ရေအလေအလွင့် ဆုံးရှုံးမှုများ ရှိနေသောကြောင့် ရေအလေအလွင့် နည်းပါးစေရန် ပုဂ္ဂလိကသို့ လွှဲပြောင်းရန် စီစဉ်ခြင်းဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။
“ရေဖြန့်ဖြူးမှုအပိုင်းကို ပင်မရေငုပ်ကနေပြီးတော့ အိမ်ထောင်စုများကို ပေးတဲ့အပိုင်းမှာ အလေအလွင့် နည်းအောင် တစ်နည်းအားဖြင့် ရေခိုးသွယ်တာပဲ။ ရပ်ကွက်ထဲမှာတောင်မှ တချို့မြို့နယ်တွေမှာဆိုရင် လက်တွန်းလှည်းနဲ့ အော်ပြီးတော့တောင် ရောင်းတယ်။ စည်ပင်ရေ ရမယ်ဆိုပြီးတော့ ရောင်းတာ။ စည်ပင်ရေဆိုတာ ကျွန်တော်တို့ ပိုက်လိုင်းက ရေပဲ။ ဒီရေကတောင် တခြားရေထက် စျေးကြီးတယ် ဆိုတော့ အဲဒါကိုလိုက်ပြီးတော့ ထိန်းသိမ်းတဲ့အခါ အကောင်းဆုံးထိန်းနည်းက ကျွန်တော်တို့လူတွေနဲ့ အစိုးရဝန်ထမ်း မလုံမလောက်နဲ့ ထိန်းနေလို့ရှိရင် အစိုးရဝန်ထမ်းနဲ့ ရေမသမာမှု လုပ်တဲ့သူနဲ့ အပေးအယူမျှပြီးတော့ ရှိနိုင်ပါတယ်။ အကောင်းဆုံးနည်းက ပုဂ္ဂလိက ပေးချင်တယ်။ ဒီစျေးနှုန်းကိုပဲ ကန့်သတ်ပြီးတော့ ပုဂ္ဂလိကပဲ လုပ်နိုင်မလား ဆိုပြီးတော့ ပေးလိုက်လို့ရှိရင် ရေအလေအလွင့် နည်းလာလို့ရှိရင် လူထုလည်း မှန်မှန်ကန်ကန် သုံးစွဲလာနိုင်မယ်။ အလေ့အလွင့်လည်း နည်းသွားမယ်ဆိုတဲ့ အပိုင်းပါ”ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
ရေအလေ့အလွင့်များကို ရာခိုင်နှုန်း ၆၀ မှ ၅၀ အထိသာ ထိန်းသိမ်းနိုင်သဖြင့် ရေအလေ့အလွင့် ဆုံးရှုံးမှုမှာ ထက်ဝက် ဖြစ်ပေါ်နေကြောင်း၊ ယခုကဲ့သို့ ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်းမှာလည်း စျေးတက်ချင်၍ မဟုတ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။
“ရေအလေအလွင့် နည်းတယ်ဆိုရင်ပဲ အလေအလွင့်နည်းတဲ့ တာဝါဟာ စျေးတက်တာကို ကာဗာလုပ်ပြီးတော့ ခုခံပြီး ဟန့်ထားနိုင်ပါတယ်။ စျေးမတက်ဖြစ်အောင် ဟန့်တားနိုင်တဲ့ သဘောဖြစ်တဲ့အတွက်ကြောင့် ဒါကြီးကို ပုဂ္ဂလိက စိတ်ဝင်စားတဲ့တွေ လုပ်ဖို့ ဒါကလည်း စိတ်ဝင်စားပြီးတော့ တော်တော် ပရဟိတလုပ်ငန်းရော သူ့အကျိုးရော၊ ကိုယ့်အကျိုးရောပါမှ လုပ်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီလထဲမှာပဲ ဒါရဲ့ စိတ်ဝင်စားမှု EOI ကို ခေါ်ပါမယ်။ အဲဒါကို စိတ်ဝင်စားတဲ့ သူတွေလည်း လာရောက် လျှောက်နိုင်တယ်”ဟု မြို့တော်ဝန်က ပြောကြားသည်။
အဆိုပါ ရေဖြန့်ဖြူးမှုလုပ်ငန်းအား ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်းကို မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် စမ်းသပ်ဆောင်ရွက်မည် ဖြစ်ကာ ရေအလေအလွင့်လည်း နည်းပါးသွားနိုင်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။
ရန်ကုန်မြို့အတွင်း ရေပေးဝေမှုတွင် ရေတစ်ယူနစ် ၈၈ ကျပ်နှုန်းသာ ကောက်ခံနေသဖြင့် အရှုံးပေါ်နေကြောင်းနှင့် လက်ရှိ ကောက်ခံနေသည့် ရေမီတာ တစ်ယူနစ်စျေးနှုန်း ၈၈ ကျပ်မှာ ထောက်ပံ့စရိတ်သာဖြစ်ပြီး ရေပေးဝေးမှုတွင် တွက်ချက်ရသည့် ပုံသေစရိတ်နှင့် လည်ပတ်စရိတ ်နှုန်းထားများကို မကာမိကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုး က သြဂုတ် ၅ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
လက်ရှိ ရေမီတာ ကောက်ခံမှုမှာ အိမ်သုံးအတွက် တစ်ယူနစ် ၈၈ ကျပ်ဖြင့် ကောက်ခံပြီး စီးပွားသုံးအနေဖြင့် တစ်ယူနစ်လျှင် ၁၂၀ ကျပ်ဖြင့် ကောက်ခံလျက်ရှိကာ တစ်ယူနစ်လျှင် ဂါလံ ၂၂၀ ရှိကြောင်း သိရသည်။
ရေအရင်းအမြစ် နေရာများမှ ရေသုံးစွဲသူ ပြည်သူများထံ ရောက်ရှိရေးအတွက် အဆင့်ဆင့် ပြုလုပ်ရသဖြင့် ကုန်ကျစရိတ်များစွာ ရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
