Top News

နယ်စပ်ကုန်သွယ်စီးဆင်းမှုတွင် အဓိကကျသည့် ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခြင်းခံရသဖြင့် ယာယီဘေလီတံတား တည်ဆောက်နေမှု ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်
24htopnews | October 22, 2024 3:13 PM CST

နယ်စပ်ကုန်သွယ်စီးဆင်းမှုတွင် အဓိကတံတား တစ်ခုဖြစ်သည့် ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခြင်းခံရသဖြင့် ယာယီဘေလီတံတား ပြန်လည် တည်ဆောက်မှုသည် သြဂုတ်လ ၁၉ ရက် မွန်းလွဲပိုင်းတွင် တံတားပိုင်းဆိုင်ရာ လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ယနေ့ညတွင် လမ်းပိုင်းဆိုင်ရာလုပ်ငန်း အမြန်ဆုံး စတင်နိုင်မည် ဖြစ်ကြောင်း တံတားတည်ဆောက်ရေး လုပ်ငန်းတွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဂုတ်တွင်းတံတား တည်ဆောက်နေမှုအချိန်အတွင်း ကျောက်မဲဘက်အခြမ်းတွင် မန္တလေးဘက်သို့ သွားရောက်မည့်ယာဉ်များ နောင်ပိန်လမ်းခွဲ၊ ဇီးပင်စခန်း၊ ရှုခင်းသာတို့တွင် ညအိပ်ရပ်နား စောင့်ဆိုင်း နေကြရပြီး စေတနာရှင်အလှူရှင်များက ထမင်းထုပ်များ၊ ဒံပေါက်များ အလှူဒါနပြုနေကြကြောင်း သိရသည်။ ဓါတ်ပုံ - ထွန်းနေလှိုင် (နောင်ပိန်)


READ NEXT
Cancel OK